Connect with us

Hi, what are you looking for?

News

ဖရိုဖရဲဖြစ်မှုဆီ မြန်မာဦးတည်နေဟု ICG သတိပေး

“စစ်တပ်ရဲ့မဆင်မခြင်လုပ်တုံ့ပြန်မှုကြောင့် သောင်းနဲ့ချီတဲ့ အမျိုးသား၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်” လို့ Taking Aim At The Tatmadaw: The New Armed Resistance To Myanmar’s Coup ခေါင်းစဉ်ထားတဲ့ ICG ရဲ့အစီရင်ခံစာ မှာ ဖော်ပြပါတယ်။

အာဏာသိမ်းချိန်ကစလို့ ကျေးလက်နဲ့မြို့ပြမှာ လက်နက် ကိုင်တပ်ဖွဲ့တွေ တရှိန်ထိုးများပြား လာခြင်းနဲ့အတူ နိုင်ငံအတွင်း ပဋိပက္ခတွေကျယ်ပြန့်လာတာကြောင့် မြန်မာနိုင်ငံမှာ ဥပဒေစိုးမိုးမှုကင်းမဲ့မှုနဲ့ ဖရိုဖရဲဖြစ်မှုမြင့်တက်လာမယ်လို့ နိုင်ငံတကာအကျပ်အတည်းစောင့် ကြည့်ရေးအဖွဲ့(ICG)ရဲ့အစီရင်ခံစာအသစ်မှာ ဖော်ပြပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အမဲလိုက်ရိုင်ဖဲနဲ့အခြားယာယီသုံးလက်နက်တွေကို စွဲကိုင်ခဲ့ပေ မယ့် အခုအချိန်မှာ ပိုမိုကောင်းမွန်တဲ့လက်နက်တွေကို အများအပြားရရှိလာပြီး မြန်မာစစ်တပ် ကို ပြင်းပြင်းထန်ထန် ဒုက္ခပေးနိုင်နေပြီဖြစ်ပါတယ်။

ဒါကြောင့် စစ်တပ်ဟာ အမြှောက်တပ်၊ လေကြောင်းတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်သုံးသေနတ်တွေနဲ့ အများ ပြည်သူနေထိုင်တဲ့နေရာတွေကို မဆင်မခြင်တုံ့ပြန်တိုက်ခိုက်လာပါတယ်။

“စစ်တပ်ရဲ့မဆင်မခြင်လုပ်တုံ့ပြန်မှုကြောင့် သောင်းနဲ့ချီတဲ့ အမျိုးသား၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်” လို့ Taking Aim At The Tatmadaw: The New Armed Resistance To Myanmar’s Coup ခေါင်းစဉ်ထားတဲ့ ICG ရဲ့အစီရင်ခံစာ မှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

“လုံခြုံရေးနဲ့ အတားအဆီးတွေကြောင့် ပြည်တွင်းကွန်ရက်တွေနဲ့ လူသားချင်းစာနာမှုအေဂျင်စီတွေဟာ နေရပ်စွန့်ခွာသူတွေကို ပြည့်ပြည့်၀၀အကူအညီမပေးနိုင်ဖြစ်နေပါတယ်။ စစ်တပ်က ဖမ်း ဆီးတာ၊ ရိက္ခာအဖြစ်သိမ်းယူခံရတာနဲ့ အကူအညီပေးဖို့ကြိုးစားသူတွေကို သတ်ဖြတ်တာ တွေလည်းရှိပါတယ်” လို့ အစီရင်ခံစာမှာ ဆက်လက်ဖော်ပြပါတယ်။

ဒါ့အပြင် “အမြန်ထွက်ပေါ်လာတဲ့လက်နက်ကိုင်တွေနဲ့သူတို့ရဲ့ စွမ်းဆောင်ရည်ဟာ ဒေသခံများအကြားစုပေါင်းပြီးလျော့တိလျော့ရဲအခြေအနေကနေ ပိုမိုစုဖွဲ့မှုရှိတဲ့၊ ပိုမိုကောင်းမွန်တဲ့ရေရှည် လက်နက်ကိုင်တပ်ဖွဲ့တွေအဖြစ် ပြောင်းလဲလာနေပြီး မြန်မာနိုင်ငံရဲ့ ဆယ်စုနှစ်ပေါင်းများစွာ ရှည်ကြာတဲ့ ပြည်တွင်းစစ်ရဲ့ လမ်းကြောင်းသစ်တစ်ခုအဖြစ် ထင်ရှားလာပါတယ်” လို့ ICG က သုံးသပ်ပါတယ်။

ချင်းနဲ့ ကယားပြည်နယ်တို့လို ဆယ်စုနှစ်ပေါင်းများစွာ လျစ်လျူရှုမှု၊ မျိုးနွယ်စုခွဲခြားမှုနဲ့ ရပိုင်ခွင့်တွေငြင်းပယ်ခံရမှုတွေအပြင် နက်နက်ရှိုင်းရှိုင်းနာကြည်းနေတဲ့ဒေသတွေမှာ လက်နက်ကိုင်တွေဟာ လွယ်လွယ်ကူကူ ဖျက်သိမ်းဖို့ ဒါမှမဟုတ် မြန်မြန်ဆန်ဆန်ပျောက် ကွယ်သွားဖို့ မရှိပါဘူး လို့လည်း ICG က ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။