ချင်းပြည်နယ် မင်းတပ်နှင့်မတူပီမြို့ကြား တောင်ပေါ်လမ်းတစ်နေရာတွင် အကြမ်းဖက်စစ်ကောင်စီကားတစ်စီး ချောက်ထဲ ထိုးကျသွားသည်ဟု ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့ဝင်အချို့ကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဆယ်ဦးခန့်လိုက်ပါလာသော ကားတစ်စီးသည် ယနေ့(ဇန်နဝါရီ ၉ရက်) နံနက်ကမင်းတပ်နှင့် မတူပီမြို့ကြား မိုင်တိုင် ( ၇၀ ) အနီးတွင်ချောက်ထဲထိုးကျသွားခြင်းဟု ချင်းပြည်သူ့ကာကွယ်ရေးတပ် CDF မှာ တပ်ဖွဲဲ့ဝင်တစ်ဦးကပြောသည်။ အသေးစိတ်ကို မသိရသေးပေ။
အကြမ်းဖက်စစ်ကောင်စီသည် ကရင်နီပြည်နယ်နှင့် စစ်ကိုင်းတိုင်းကို ထိုးစစ်ဆင်နေသလို ချင်းပြည်နယ်ကိုလည်း ထိုးစစ်ဆင်နေသည်။ သို့သော် ပြည့်သူကာကွယ်ရေးတပ်များ၏ ခုခံစစ်ကြောင့် စစ်ကောင်စီအထိနာနေသည်။


















































