Connect with us

Hi, what are you looking for?

News

ဒီးမော့ဆိုတိုက်ပွဲ စစ်ကောင်စီတပ်မှ ရှစ်ဦးထပ်မံသေ၊ လက်နက်ခဲယမ်းများလည်း ထပ်မံသိမ်းဆည်းရမိဟု KNDF ထုတ်ပြန်

က်ပွဲအတွင်း လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်များကို သိမ်းဆည်းရမိခဲ့သည်ဟု KNDFက ထုတ်ပြန်သည်။

ကရင်နီ(ကယား)ပြည်နယ် ဒီး‌မော့ဆိုမြို့နယ် ဒေါဆိုရှေ့ကျေးရွာ အနီးတွင် စစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)က ထုတ်ပြန်သည်။

ကရင်နီတပ်မတော်(KA) နှင့် KNDF တို့ ပူးပေါင်းတိုက် ခိုက်မှုကြောင့် ဒေါဆိုရှေ့တိုက်ပွဲအတွင်းအထိနာခဲ့သည့် စစ်ကောင်စီတပ်သည် နေ့လယ်ပိုင်းတွင် လေကြောင်းပစ်ကူ သုံးကြိမ်လာရောက် ပစ်ခတ်ခဲ့ကြောင်း၊ လေကြောင်းပစ်ကူကို အကာအကွယ်ယူပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ သေဆုံးသွားသော ၎င်းတို့၏ တပ်သားအလောင်းများကိုပြန်လည်သယ်ဆောင်သွားခဲ့ကြောင်း ဖော်ပြ သည်။

အဆိုပါ တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်များကို သိမ်းဆည်းရမိခဲ့သည်ဟု KNDFက ထုတ်ပြန်သည်။

ဒေါဆိုရှေ့တိုက်ပွဲ၌ ကရင်နီတပ်မတော်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း၊ တိုက်ပွဲအတွင်းကျဆုံးသွားသောရဲဘော်အား KNDF မှ အမျိုးသားအာဇာနည်သူရဲကောင်းအဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုကြောင်း ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လွိုင်ကော်မြို့ ပန်ကန်းနှင့် မိုင်းလုံးရပ်ကွက်တို့တွင်လည်း ယနေ့နံနက်ပိုင်းက KNDF နှင့် PDF ပူးပေါင်းမဟာမိတ်အဖွဲ့များ နယ်မြေရှင်းလင်းစဥ် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုကို မသိရကြောင်း၊ နယ်မြေရှင်းလက်မှုအတွင်း လက်နက်ငယ်တစ်လက်နှင့် လက်နက်ကြီး၊လက်နက်ငယ်ကျည်အချို့ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ယနေ့မွန်းလွဲပိုင်းတွင် ရှားတောမြို့နယ်ရှိ ကရင်နီတပ်မတော်၏ သင်တန်းကွင်းတစ်ခုကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ သော် လည်း ထိခိုက်မှု မရှိခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။