Connect with us

Hi, what are you looking for?

News

လွိုင်ကော်တွင် ယနေ့ တိုက်ပွဲထပ်ဖြစ်၊ ဒီးမော့ဆို၌ စစ်ကောင်စီတပ်သားအလောင်းနှင့် ခဲယမ်းများထပ်ရဟု KNDF ထုတ်ပြန်

တိုက်ပွဲဖြစ်ပွားရာ လွိုင်ကော်မြို့ ရပ်ကွက်အနီးတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့်လည်း အပြင်မထွက်ဘဲ လုံခြုံသောနေရာများတွင်သာနေထိုင်ကြရန် အသိပေးထားသည်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်နိုင်၍ လုံခြုံရေးကို ကြိုတင်စီမံထားရန် ပြည်သူများအား အသိပေး

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်အတွင်း ယနေ့ (ဇန်နဝါရီ ၁၀ရက်) နေ့လယ်ပိုင်းက စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေး တပ်ဖွဲ့(KNDF)က ထုတ်ပြန်သည်။

တိုက်ပွဲမှာ မိနှစ်အနည်းငယ်သာ ကြာမြင့်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှု အခြေအနေ အသေးစိတ်မသိရကြောင်း ဖော်ပြထားသည်။

ယမန်နေ့ (ဇန်နဝါရီ ၉ရက်)က တိုက်ပွဲပြင်းထန်ခဲ့သည့် ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေ့ကျေးရွာအတွင်း၌လည်း KNDF မှ နယ်မြေရှင်းလင်းခဲ့ရာ၊ လက်နက်ကြီး လက်နက်ငယ် ကျည်များကို သိမ်းဆည်းရမိခဲ့သည့်အပြင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး၏အလောင်းကို တွေ့ရှိခဲ့ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဖြင့် မီးရှို့သင်္ဂြိုလ်ပေးခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားရာ လွိုင်ကော်မြို့ ရပ်ကွက်အနီးတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့်လည်း အပြင်မထွက်ဘဲ လုံခြုံသောနေရာများတွင်သာနေထိုင်ကြရန် အသိပေးထားသည်။

ဒီးမော့ဆိုနှင့်လွိုင်ကော်မြို့တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ အထိနာနေသဖြင့် လေကြာင်း တိုက်ခိုက်မှုများကို ပိုမိုပြင်းထန်စွာ ပြုလုပ်နိုင်သည့်အတွက် ပြည်သူလူထုများမှ လုံခြုံသော အစီအမံများ ကြိုတင်လုပ်ဆောင်ကြပါရန်နှင့် လုံခြုံသောနေရာများတွင်သာနေကြပါရန် KNDFက တိုက်တွန်းထားသည်။

တိုက်ပွဲများဖြစ်ပွားရာ လွိုင်‌ကော်မြို့ထဲရှိ ရပ်ကွက်များထဲတွင်၊ တိုက်ပွဲဖြစ်ပွားနေမှုကို အခွင့်ကောင်း ယူ၍ မသာမာသူများများသည် ပြည်သူများ၏ နေအိမ်များကို ဖောက်ထွင်းပြီး အဖိုးတန်ပစ္စည်းများကို ခိုးယူ လျက်ရှိကြောင်း၊ ပြည်သူ၏ အိုးအိမ်စည်းစိမ်များကို ဖောက်ထွင်းခိုးယူလျက်ရှိသော မသာမာ သူများကို KNDF မှ ထိထိရောက်ရောက်အရေးယူမည်ဖြစ်ကြောင်းလည်း ထည့်သွင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။