Connect with us

Hi, what are you looking for?

News

မတ္တရာတွင် PDFစခန်းကို စစ်​ကောင်စီတပ်ဝင်စီးရာ သတင်းကြိုရ၍ မိုင်း​ထောင်၍ တိုက်ခိုက်၊ စစ်​ကောင်စီတပ်သား ကိုးဦး​သေ၊ ၁၅ဦးထက်မနည်း ဒဏ်ရာရဟုဆို

စစ်ကောင်စီဘက်မှလည်း လက်နက်ကြီး ၊လက်နက်ငယ်သုံးသဖြင့် တိုက်ပွဲအတန်ကြာဖြစ်ပွားကာ DFM မှ ကာပစ်ရင်း ဆုတ်ခဲ့ပြီးနောက် ကင်းစောင့်နေသော ရဲဘော်များနှင့် ထိတွေ့မှုထပ်မံဖြစ်ပေါ်၍ စစ်​ကောင်စီဘက်မှ သာလွန်အင်အားနှင့် လိုက်လံပစ်ခတ်ခဲ့သည်။

မန္တလေးတိုင်း မတ္တရာမြို့နယ်မှ PDFစခန်းကိုအကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းစဥ် ပြည်သူ့တပ်ဖွဲ့ မှ ကြိုတင်သတင်းရ၍ ထောင်ထားသည့် မိုင်းများကြောင့် စစ်ကောင်စီတပ်သားကိုးဦးသေကာ ၁၅ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိကြောင်း Defense Force MDY -D F M ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ဇန်နဝါရီ ၈ရက် ညနေပိုင်းကစ၍အကြမ်းဖက်စစ်ကောင်စီတပ်က အင်အး ၈၀ခန့်ဖြင့် DFM စခန်းတည်ရှိရာ မတ္တရာမြို့နယ် တစ်နေရာသို့ စီးနင်းရန် ကြိုးပမ်းခဲ့သည်။

ထို့နောက် သတင်းကြိုရသဖြင့် DFMမှ လမ်းတဝက်မှ လက်နက်ငယ် လက်လုပ်မိုင်းများသုံး၍ တားဆီးခဲ့သည်။

စစ်ကောင်စီဘက်မှလည်း လက်နက်ကြီး ၊လက်နက်ငယ်သုံးသဖြင့် တိုက်ပွဲအတန်ကြာဖြစ်ပွားကာ DFM မှ ကာပစ်ရင်း ဆုတ်ခဲ့ပြီးနောက် ကင်းစောင့်နေသော ရဲဘော်များနှင့် ထိတွေ့မှုထပ်မံဖြစ်ပေါ်၍ စစ်​ကောင်စီဘက်မှ သာလွန်အင်အားနှင့် လိုက်လံပစ်ခတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၈ ရက် ညတွင် စစ်တပ်က ဆက်တက်မလာပဲ လမ်းတဝက်တွင် စခန်းချခဲ့ရာ DFM မှရဲဘော် တစ်ဦးပိတ်မိကာ တစ်ညလုံး ပုန်းခဲ့ရသော်လည်း နံနက်မိုးမလင်းခင်မှာပင် အန္တရာယ်ကင်းစွာ ရှောင်ထွက်နိုင်ခဲ့ ကြောင်း DFMက အသိပေးသည်။

ထို့အပြင် ရဲဘော်အချို့သည် စစ်ကောင်စီတပ်နှင့် နီးကပ်စွာ ရင်ဆိုင်ခဲ့ရပြီး သတင်းကြိုရသောကြောင့် ထိုညတွင်ပင် ရဲဘော်များ ဘေးကင်းရာသို့ ရှောင်နိုင်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၉ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်း ဆက်ထိုးလာခဲ့ပြီး လက်နက်ကြီးများနှင့် ရမ်းသမ်း ပစ်၍တက်လာသောကြောင့် DFM မှ ကြိုထောင်ထားသော မိုင်းများထိ၍ အထိနာခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

DFMဖက်မှ စခန်းအစီးခံရပြီး မီးရှို့ခံရသော်လည်း ရဲဘော်များ အထိအခိုက်အပျောက်အဆုံး မရှိခဲ့ပေ။

အကြမ်းဖက်စစ်ကောင်စီတပ်များ ပြန် ဆုတ်ရာတွင် ထမ်းစဉ်များနှင့် ဒဏ်ရာရသူများ ကယ်ထုတ်လာရပြီး ဒဏ်ရာရသူများသောကြောင့် ကားနှစ်စီးဖြင့် သယ်​ဆောင်ရာ တလမ်းလုံး သေနတ်များဖောက်၍ ပြန်ဆုတ်သွားသည်ဟု နယ်မြေခံသတင်း၏ အတည်ပြုချက်ကို DFM က ကိုးကားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က စခန်းကိုလာရောက်သိမ်းစဥ် ပူးပေါင်းခုခံပေးခဲ့သော မဟာမိတ်အဖွဲ့ မတ္တရာ (ပကဖ)ကိုလည်း အထူးကျေးဇူးတင်ရှိကြောင်းလည်း DFM က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

သတင်း

မကွေးတိုင်း၊ သရက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တိုက်တိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။