Connect with us

Hi, what are you looking for?

News

ပျူစောထီးအလောင်းများလာရောက်ကောက်သည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား လေးဦးသေဟု ဝက်လက် PDFထုတ်ပြန်

“ဒီနေ့ ဖြစ်တာပေါ့။သူတို့ အလောင်းလာကောက်မယ့် အချိန် ကို စောင့်နေတာလည်းပါတယ်။ကျွန်တော်တို့ ရဲဘော်တွေတော့ အထိအခိုက်မရှိခဲ့ပါဘူး”ဟု ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးကို တွေ့ရစဥ်

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရ၍ သေဆုံးခဲ့သော ပျူစောထီးအလောင်းများ လာရောက်ကောက်ယူသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်သား လေးဦး သေဆုံးကြောင်း ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ဇန်နဝါရီ ၁၀ရက်က အရာတော်မြို့နယ် ငွေတွင်းကျေးရွာနှင့် အနီးနားဝန်းကျင်ကျေးရွာများအတွင်းရှိ ပြည်သူလူထူကို ခေါင်းပုံဖြတ် အနိုင်ကျင့်သိမ်းယူပြီး ကုန်ကူးသန်းနေသော အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင် ပျူစောထီးထောက်ပို့ယာဥ်တစ်စီးအား ဝက်လက်မြို့နယ်အတွင်း မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ထိုဖြစ်စဥ်တွင် သေဆုံးခဲ့သောပျူစောထီး ခုနစ်ဦး၏ အလောင်းအား အကြမ်းဖက်စစ်ကောင်စီ တပ်က လာကောက်စဥ် သမ္မာရိုး တံတားပေါ်၌ အကြောင်းမဲ့ လက်နက်ကြီးဖြင့် သမ္မာရိုးရွာအတွင်းသို့ လေးကြိမ်တိုင် ရမ်းသမ်းပစ်ခက်ရာ အပြစ်မဲ့ ပြည်သူ နှစ်ဦး လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရခဲ့သည်။

ထို့အပြင် ပြည်သူတစ်ဦး၏ နွားတစ်ကောင်ကို သေနက်ဖြင့် ပစ်သက်ခဲ့ကြောင်း ဝက်လက်မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ ကဆိုသည်။

Public Service Announcement

Public Service Announcement

ထို့နောက် ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( တပ်ရင် – ၁ )နှင့် အကြမ်းဖက်စစ်ကောင်စီတပ်များ သမ္မာရိုးရွာအဝင်တွင် ၁နာရီခန့်အကြာ အပြန်အလှန်ပစ်ခက်ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆိုင်ကယ် ၅ စီး၊ FAWကားတစ်စီးဖြင့် ယနေ့(ဇန်နဝါရီ ၁၁ ရက်) ညနေ ၄နာရီခန့်အချိန်တွင် ပျူစောထီးအလောင်းများကောက်ယူပြီးအပြန် အရာတော်မြို့နယ်၊ ဇရစ်ကျေးရွာ နှင့် မြေနက်ကျေးရွာ အကြားတွင် ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( တပ်ရင် – ၁ )နှင့် မဟာမိတ် အဖွဲ့ဖြစ်သော ဗိုလ်ယက္ခအဖွဲ့မှ ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ လေးဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ ဖြစ်တာပေါ့။သူတို့ အလောင်းလာကောက်မယ့် အချိန် ကို စောင့်နေတာလည်းပါတယ်။ကျွန်တော်တို့ ရဲဘော်တွေတော့ အထိအခိုက်မရှိခဲ့ပါဘူး”ဟု ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အကြမ်းဖက်စစ်တပ်က ဝက်လက်မြို့နယ်အတွင်း အထိနာနေသောကြောင့် ဇန်နဝါရီ ၉ ရက်ကစ၍ ကျေးရွာများတွင် စစ်ကြောင်းထိုးမှုများလည်းပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook