Connect with us

Hi, what are you looking for?

LuduNwayOo

News

ပျူစောထီးအလောင်းများလာရောက်ကောက်သည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား လေးဦးသေဟု ဝက်လက် PDFထုတ်ပြန်

“ဒီနေ့ ဖြစ်တာပေါ့။သူတို့ အလောင်းလာကောက်မယ့် အချိန် ကို စောင့်နေတာလည်းပါတယ်။ကျွန်တော်တို့ ရဲဘော်တွေတော့ အထိအခိုက်မရှိခဲ့ပါဘူး”ဟု ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးကို တွေ့ရစဥ်

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရ၍ သေဆုံးခဲ့သော ပျူစောထီးအလောင်းများ လာရောက်ကောက်ယူသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်သား လေးဦး သေဆုံးကြောင်း ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ဇန်နဝါရီ ၁၀ရက်က အရာတော်မြို့နယ် ငွေတွင်းကျေးရွာနှင့် အနီးနားဝန်းကျင်ကျေးရွာများအတွင်းရှိ ပြည်သူလူထူကို ခေါင်းပုံဖြတ် အနိုင်ကျင့်သိမ်းယူပြီး ကုန်ကူးသန်းနေသော အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင် ပျူစောထီးထောက်ပို့ယာဥ်တစ်စီးအား ဝက်လက်မြို့နယ်အတွင်း မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ထိုဖြစ်စဥ်တွင် သေဆုံးခဲ့သောပျူစောထီး ခုနစ်ဦး၏ အလောင်းအား အကြမ်းဖက်စစ်ကောင်စီ တပ်က လာကောက်စဥ် သမ္မာရိုး တံတားပေါ်၌ အကြောင်းမဲ့ လက်နက်ကြီးဖြင့် သမ္မာရိုးရွာအတွင်းသို့ လေးကြိမ်တိုင် ရမ်းသမ်းပစ်ခက်ရာ အပြစ်မဲ့ ပြည်သူ နှစ်ဦး လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရခဲ့သည်။

ထို့အပြင် ပြည်သူတစ်ဦး၏ နွားတစ်ကောင်ကို သေနက်ဖြင့် ပစ်သက်ခဲ့ကြောင်း ဝက်လက်မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ ကဆိုသည်။

Public Service Announcement

Public Service Announcement

ထို့နောက် ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( တပ်ရင် – ၁ )နှင့် အကြမ်းဖက်စစ်ကောင်စီတပ်များ သမ္မာရိုးရွာအဝင်တွင် ၁နာရီခန့်အကြာ အပြန်အလှန်ပစ်ခက်ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆိုင်ကယ် ၅ စီး၊ FAWကားတစ်စီးဖြင့် ယနေ့(ဇန်နဝါရီ ၁၁ ရက်) ညနေ ၄နာရီခန့်အချိန်တွင် ပျူစောထီးအလောင်းများကောက်ယူပြီးအပြန် အရာတော်မြို့နယ်၊ ဇရစ်ကျေးရွာ နှင့် မြေနက်ကျေးရွာ အကြားတွင် ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( တပ်ရင် – ၁ )နှင့် မဟာမိတ် အဖွဲ့ဖြစ်သော ဗိုလ်ယက္ခအဖွဲ့မှ ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ လေးဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ ဖြစ်တာပေါ့။သူတို့ အလောင်းလာကောက်မယ့် အချိန် ကို စောင့်နေတာလည်းပါတယ်။ကျွန်တော်တို့ ရဲဘော်တွေတော့ အထိအခိုက်မရှိခဲ့ပါဘူး”ဟု ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အကြမ်းဖက်စစ်တပ်က ဝက်လက်မြို့နယ်အတွင်း အထိနာနေသောကြောင့် ဇန်နဝါရီ ၉ ရက်ကစ၍ ကျေးရွာများတွင် စစ်ကြောင်းထိုးမှုများလည်းပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။