Connect with us

Hi, what are you looking for?

News

လွိုင်ကော်တိုက်ပွဲ စစ်ကောင်စီတပ်မှ ၂၀ဦးသေ၊ ထွက်ပြေးလာသည့်စစ်ကောင်စီတပ်သားသုံးဦးဖမ်းမိဟု KNDF ထုတ်ပြန်

စစ်ကောင်စီတပ်များသည် မြို့တွင်းတိုက်ပွဲအတွင်း အရပ်သူပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ပြည်သူ့ အိုးအိမ်များကို ဗုံးကျဲတိုက်ခိုက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်း စသောစစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိကြောင်း KNDFက ထုတ်ပြန်သည်။

လက်နက်ကြီး၊လက်နက်ငယ်အချို့နှင့်ကျည်များရရှိ၊ KNDFတပ်ဖွဲ့ဝင်တစ်ဦးကျဆုံး

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၂၀ဦး သေဆုံးပြီး သုံးဦးကို အရှင်ဖမ်းဆီးရ မိခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်သည်။

လွိုင်ကော်မြို့ ရွာတန်းရှည်နှင့်မိုင်းလုံးရပ်ကွက်တို့တွင် ယနေ့ နံနက် ၈နာရီမှစ၍ နှစ်ဖက် ထိတွေ့တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ အထိနာ၍ ညနေပိုင်းတွင် လွိုင်ကော်မြို့တွင်းသို့ တိုက်လေယာဉ် နှစ်စီးဖြင့် ၉ကြိမ် လာရောက်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါ တိုက်ပွဲအတွင်း အကြမ်ဖက်စစ်ကောင်စီတပ်ဘက်မှ ၂၀ဦးသေဆုံး ခဲ့ပြီး လက်နက်ငယ် ၃လက်၊ ၊ လက်နက်ကြီး တလက်အပြင် လက်နက် ကြီး/ငယ်ကျည်များ ကိုသိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။ KNDF ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ရာ ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် အသက်ပေးသွားသော ရဲဘော်အား အမျိုးသားအာဇာနည်သူရဲကောင်းအဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက်ပိုင်းတွင် တပ်မ (၆၆)၊ တပ်ရင်း (၁၀၈) မှ ထွက်ပြေးလာသော အကြမ်းဖက်စစ်ကောင်စီတပ်သား သုံးဦးကို လက်ပစ်ဗုံးတလုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကရင်နီပြည်ရဲဌာန (KSP) သို့လွဲပြောင်းပေးအပ်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်များသည် မြို့တွင်းတိုက်ပွဲအတွင်း အရပ်သူပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ပြည်သူ့ အိုးအိမ်များကို ဗုံးကျဲတိုက်ခိုက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်း စသောစစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိကြောင်း KNDFက ထုတ်ပြန်သည်။

လွိုင်ကော်မြို့ပေါ်တွင် အများပြည်များကို နည်းမျိုးစုံဖြင့် ဖိနိုပ်အုပ်ချုပ် သတ်ဖြတ်နေသော အကြမ်းဖက် စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် (KA)၊ KNDF နှင့် PDF ပူးပေါင်းမဟာမိတ်တပ်များမှ တိုက်ခိုက်ခြေမှုန်း လျက်ရှိကြောင်း ဖော်ပြသည်။

ယနေ့ လွိုင်ကော်မြို့ ဒေါဥခူးရပ်ကွက်တွင်လည်း ဒီးမော့်ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့က လွိုင်ကော်အကျဉ်းထောင်အနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၅ဦးခန့်သေဆုံးခဲ့သည်ဟုလည်း PDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။