Connect with us

Hi, what are you looking for?

News

ရန်ကုန်ရှိ ပကဖများအကြား အတွင်းစည်းပေါက်နေသယောင်ဝါဒဖြန့်နေ၍ မိမိအဖွဲ့၏ ညွှန်ကြားမှုအစီအမံအတိုင်းဆောင်ရွက်ကြရန် သတိပေး

လက်ရှိ ရန်ကုန်မြို့တွင် စစ်ကေင်စီက တော်လှန်ရေးသမားများကို ပိုက်စိပ်တိုက်လိုက်လံအနံ့ခံရှာ ဖွေဖမ်းဆီး မှုများ အရှိန်မြှင့်တင်ဆောင်ရွက်နေသကဲ့သို့ ပကဖများ၊ PDF ရဲဘော်များနှင့် အခြားတော်လှန်ရေးအင်အားစုများ ကို ကွင်းဆက်များလိုက်၍ ဖော်ထုတ်မှုများပြုလုပ်နေသည်ဟု ဆိုသည်။

အချင်းချင်းကြား သံသယဖြစ်လာစေရန်နှင့် တော်လှန်ရေးအင်အားစုများချိနဲ့အောင် စစ်ကောင်စီလုပ်နေဟုဆို

ရန်ကုန်မြို့ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များအကြား အတွင်းစည်းပေါက်နေသယောင် ထင်ယောင်ထင်မှား ဝါဒဖြန့် နေခြင်းနှင့် မြေအောက်တော်လှန်ရေးအဖွဲ့အစည်း(UG)များအချင်းချင်းကြား သံသယများဖြစ်လာစေရန် ကြံစည်ဆောင်ရွက်နေမှုများကို စစ်ကောင်စီအဖွဲ့က လုပ်ဆောင်နေကြောင်း ရန်ကုန်စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောကြားသည်။

လက်ရှိ ရန်ကုန်မြို့တွင် စစ်ကေင်စီက တော်လှန်ရေးသမားများကို ပိုက်စိပ်တိုက်လိုက်လံအနံ့ခံရှာ ဖွေဖမ်းဆီး မှုများ အရှိန်မြှင့်တင်ဆောင်ရွက်နေသကဲ့သို့ ပကဖများ၊ PDF ရဲဘော်များနှင့် အခြားတော်လှန်ရေးအင်အားစုများ ကို ကွင်းဆက်များလိုက်၍ ဖော်ထုတ်မှုများပြုလုပ်နေသည်ဟု ဆိုသည်။

ထိုအခြေအနေတွင် အဖွဲ့အစည်းအချို့၏ အသိပေးစာများ၊ သတိပေးစာများ၊ ရှောင်ရန်ဆောင်ရန်များ ထွက်ပေါ် လျက်ရှိသည့်အပေါ် ရန်ကုန်စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူက တော်လှန်ရေးတပ်ဖွဲ့ဝင်များအား အထက်ပါအတိုင်း တိုက်တွန်းအသိပေးလိုက်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ကွင်းဆက်ဖော်ထုတ်ရရှိမှုနှင့်ပတ်သက်ပြီး အဖြစ်မှန်နှင့် အဖြစ်မှန်မဟုတ်သည်များကို ရောနှောပေါင်းစပ်ပြီး လူမှုကွန်ရက်များမှ တစ်ဆင့် စိတ်ဓာတ်စစ်ဆင်ရေးလုပ်ဆောင်နေသည်ကို တွေ့ရသကဲ့သို့ မိမိတို့ အခြေအနေကို လိုင်းပေါ်တင်ပြီး ပြည်သူကိုချပြနေသော အချို့ ရဲဘော်များ၊ ခေါင်းဆောင်များ၏ အမည်ကိုအသုံးချပြီး အလွဲသုံးပြု လုပ်ပြောဆို နေမှုများ ရှိနေသည်ဟု ၎င်းကဆိုသည်။

စစ်ကောင်စီဘက်က အလိုရှိနေသူများ အခြေအနေမှန်ပေါ်လာစေရေး အစဆွဲထုတ်ပြီး သတင်းရအောင် ဆိုက်ဝါးနည်းဗျူဟာသုံးနေမှုများကို သတိဖြင့်ဆင်ခြင်သုံးသပ် ရန်လည်း ရန်ကုန်စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူက တိုက်တွန်းထားသည်။

“ကျွန်တော်တို့ရဲဘော်များ မိမိတို့လုပ်ရမည့်အလုပ်များကိုသာ အာရုံစူးစိုက်ပြီး မိမိတို့အဖွဲ့ တာဝန်ခံ (တာဝန်ရှိသူများ)ရဲ့ ညွန်ကြားစီမံမှုအတိုင်းသာ ဆက်လက်ဆောင်ရွက်ကြပါ။ ပြီးတော့ အခြားအဖွဲ့တွေရဲ့ စီမံမှုတွေနောက်ကို ဝေဝါးစွာ လိုက်ပါမသွားမိဖို့ သတိချပ်ကြပါ ”ဟု ၎င်းက ဆိုသည်။

ကိုယ့်အဖွဲ့နှင့်ကိုယ် စီစဉ်နိုင်သော အချက်များကို သိုသိုသိပ်သိပ် ပိရိသေသပ်လုံခြုံစွာစီစဉ်ကြရန်လည်း ၎င်းက ပန်ကြားသည်။

တစ်စုံတစ်ရာ သိရှိလိုပါက မိမိတို့အဖွဲ့၏တာဝန်အရှိဆုံးပုဂ္ဂိုလ်ထံ တိုက်ရိုက်မေးမြန်း အတည်ပြု ချက်ရယူကြ ရန်လည်း ရန်ကုန်စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။ ရန်ကုန် ပကဖများ၊ PDF/ STF များအနေဖြင့် ရန်ကုန်စစ်ဒေသတာဝန်ရှိသူများထံ သတင်းအတည်ပြုချက်ရယူပြီးမှသာ အခြားသော သတင်း အချက်အလက်များကို ယုံကြည်လက်ခံကြရန်လည်း မေတ္တာရပ်ခံခဲ့သည်။

ယခုအချိန်အခါသည် စစ်ကောင်စီဘက်က ပရိယာယ်ဆင်ပြီး တော်လှန်ရေးအင်အားစုများချိနဲ့အောင် ပြုလုပ်နေ၍ လုံးဝ မပေါ့ဆကြရန်နှင့် ကြိုတင်ပြင်ဆင်ထားသင့်သည်များကိုလည်း ပြင်ဆင်ထားကြရန်လည်း ၎င်းက နှိုးဆော်သည်။

(ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ် (၁၆)ရပ်ကွက် တောင်ငူလမ်းရှိ အဆောင်တခု၌ သိမ်းဆည်းခံရသော ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့၏ လက်နက်များကို တွေ့ရစဥ်)

ဆက်စပ်သတင်းများ

သတင်း

လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့ တနေရာမှာ (၃၈)နှစ်ပြည့် ၈‌လေးလုံး အထိမ်းအမှတ် လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က ပြုလုပ်ခဲ့ပါတယ်

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။