-အကိုကြီးညီ
မတရား အာဏာလု ယူခဲ့သည့် မင်းအောင်လှိုင်တစ်ယောက် သူအားကိုးသော စစ်တပ်နှင့် မြှောက်ပင့်စေခိုင်းနေကြသည့် ပုံပျက် နိုင်ငံရေး သမားများ၊မျိုးချစ်အဖွဲ့များ၊မဘသ အဖွဲ့များမှ လိမ်ချင်တိုင်းလိမ်နေကြတာကို ခံနေရပြီဖြစ်ပါသည်။
အထူးသဖြင့် စစ်တပ် အရာရှိ ကြီးများ အနေဖြင့် မိမိတို့ မျက်နှာသာ ရရှိရေး၊ရာထူးတက်ရေး ၊စီးပွားရေး အဆင်ပြေစေရေးကိုသာ အဓိကထားပြီး အောက်ခြေ စစ်သည်များ၏ အသက်ကိုပင် တန်ဘိုးမထားသည့် လုပ်ရပ်များကြောင့် အောက်ခြေ စစ်သည်များ မြေပြင်တွင် တန်ဖိုးမဲ့ သေချင်သလို သေနေကြရပြီဖြစ်ပါသည်။
စစ်သည်တစ်ဦးအနေဖြင့် တိုက်ပွဲတွင်သေဆုံးနိုင်မည်ကိုသိရှိထားသော်လည်း သေဆုံးစစ်သည်များအား ဂုဏ်သိက္ခာနှင့်အညီ သေဆုံးပြီးနောက်ပိုင်း ဆောင်ရွက်ရမည့် အခြေခံအချက်များ အား အထက်အရာရှိများက လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်။

Public Service Announcement
တော်လှန်ရေးရဲဘော်များ၏ ကြံကြံခံ တုန့်ပြန်နေမှု့များကြောင့် တိုက်ပွဲတိုင်း ရှုံးနိမ့်နေပြီး အောက်ခြေ စစ်သည်များ ကျဆုံးမှု့ အလွန်များနေခဲ့ရာ အုပ်ချုပ်သူ တပ်ရင်းမှူး၊ဗျူဟာမှူးများမှ” ကျဆုံး “စာရင်းဖျောက်ထားခြင်းမှာ အလွန်လူမဆန်သော လုပ်ရပ်များပင်ဖြစ်ပါသည်။ ရှေ့တန်းထွက်သည့် အရာရှိ စစ်သည်များအား တပ်မတော်နှင့်ပတ်သက်သည့် ရေး ၁၀၀ ကဒ် နှင့် စာတမ်းအမှတ်အသားများ၊တပ်မ အမှတ်အသားပါလည်စည်းများ ဝတ်ဆင်ခြင်းမပြုလုပ်ရန်တားမြစ်စာများ အကြိမ်ကြိမ်ထုတ်ပြန်ခဲ့ပါသည်။
တပ်ရင်းမှူး ၊ဗျူဟာမှူးများသည် မိမိလက်အောက် စစ်သည်များ ရှေ့တန်း ၌ ကျဆုံးသည့်အခါ အလောင်းပါ မကောက်တော့ဘဲ သစ္စာဖောက်ပြီး ထွက်ပြေးသွားကြောင်းလိမ်ညာ တင်ပြကာ ကျန်ရှိသော မိသားစုများအား သစ္စာဖောက်မိသားစုအဖြစ် သတ်မှတ်၍လိုင်းခန်းမှ မောင်းထုတ်ပြီး ကျဆုံး စစ်သည် ရပိုင်ခွင့်များ မပေးသည့် ဖြစ်စဥ်များနေရာအနှံတွင် ဖြစ်ပေါ်နေပါသည်။ အုပ်ချုပ်သူ အရာရှိကြီးများအနေဖြင့် ကျဆုံးစစ်သည်များပါက အထက်မှ အရေးယူ အညှိုးထားခံရမည့် အရေးကြောင့် စစ်သည်များအား ခွေးလောက်ပင် တန်ဘိုးမထားဘဲ လုပ်ချင်သလိုလုပ်ကာ အထက် အဆင့်ဆင့်သို့ တိုက်ပွဲအစီရင်ခံစာများ ပေးပို့
တင်ပြနေကြပါသည်။
ခေါင်ငုံ့မခံသောကျဆုံးစစ်သည်မိသားစု ဝင်များ၏ တိုင်ကြားချက်များအရ အောက်ခြေ အခြေအနေအား စစ်ဆေး ခဲ့ရာ EAOs အားကောင်းသည့် ဒေ သများ၊ Local PDF အားကောင်းသည့် ဒေသများ တွင် စာရင်းအင်းပျောက် သေဆုံးခဲ့ကြသည့် စစ်သည်များ စာရင်းအား စစ်ဆေးရေးအဖွဲ့များမှ စီစစ်တွေ့ရှိသဖြင့် အဆင့်ဆင့် တာဝန်ရှိသူများအား အရေးယူရန်စီစဥ်နေကြောင်း အတွင်းသတင်း အရ သိရှိရပါသည်။
လတ်တလော စစ်ဆေးချက်များအရ KNLA တပ်မဟာ ၅ ဧရိယာ၌ နိုဝင်ဘာလ နှင့် ဒီဇင်ဘာလများတွင် စစ်ဆင်ရေး ဆောင်ရွက်ကြသည့် ခမရ ၄၀၈၊ ခမရ ၄၀၉ ၊ခမရ ၄၀၇ ၊ ခမရ ၄၀၆ ၊ခမရ ၄၀၂ ၊ ခမရ ၃၅၈ ၊ခလရ ၂၈ နှင့် စအရ ၉၁၅ တို့မှ စစ်သည်များ ကျဆုံးခြင်း ၊ပြင်းထန်စွာ ဒါဏ်ရာရခြင်းတို့အား ခေတ္တ စကခမှူး ဗိုလ်မှူးကြီးထင်လင်းကျော်၊တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး နေလင်းအောင်၊ယာယီတပ်ရင်းမှူး ဗိုလ်မှူး အောင်စိုးဝင်း၊ယာယီတပ်ရင်းမှူး ဗိုလ်မှူးရဲနောင်ထက်၊ ဗိုလ်မှူး ကျော်မင်းထက် နှင့်ဗိုလ် မှူး ဟိန်းထွဋ်ဦး တို့သည် ရာထူး အာဏာတည်မြဲရန်နှင့်အထက်မှ အပြစ်တင်မှု့ကို မခံလိုခြင်းတို့ကြောင့် အောက်ခြေစစ်သည်များ တိုက်ပွဲတွင် ကျဆုံးသည့် သတင်းများအား လူမဆန်စွာ ဖျောက်ဖျက်ထားခဲ့ခြင်းဖြစ်ကြောင်း အတွင်းသတင်းမှသိရှိရပါသည်။
KNLA တပ်မဟာ ၅ တပ်ရင်း ၁၀၂ နှင့် KNDO တပ်ရင်း ၁ တို့၏ ထိတွေ့မှု့ ၁၆ကြိမ်ခန့်တွင် လက်သံပြောင်သည့်တိုက်ခိုက်မှု့ ၊တိုက်မိုင်း၊ခွင်းမိုင်း၊လက်နက်ငယ် များဖြင့် တိုက်ခိုက်မှုများကြောင့် ကျဆုံးစစ်သည်များအနက် စာရင်းပျောက် စစ်သည်များမှာ
၁။ ခမရ ၄၀၉ မှ တပ်သား ချစ်သိန်းကို။
၂။ခမရ ၄၀၈ မှ တပ်သားငယ်ထွေး ၊တပ်သားရဲလင်းအောင်။ တပ်သား ဝင်းထွန်း
၃။ခမရ ၄၀၆ မှ တပ်သား ချမ်းမြေ့အောင်
၄။ခမရ ၄၀၇ မှတပ်ကြညွန့်မောင် ၊တပ်သား ဝေလျှံဖြိုး၊ တပ်သားသီဟစိုး၊ တပ်သားဇင်မင်းထက် ၊ဗိုလ်ဖြိုးသီဟဇော် (ဒါဏ်ရာရ)
၅။ ခမရ ၄၀၂ မှ တပ်သားမိုင်ညီအောင်၊တပ်သားချမ်းမြေ့အောင်၊ တပ်သားတင်စိုး၊တပ်ကြပ် လေးမြင့်၊တပ်သား အောင်ဝင်း
၆။ ခမရ ၃၅၈ မှ တပ်ကြပ်ကြီး ဌေးဝင်း
၇။ ခလရ ၂၈ မှ တက်ကြပ်မြင့်သန်းဇော်၊တပ်သား ကျော်ဇင်လတ်၊တပ်သား ညီညီလွင်၊တပ်သားမြတ်ဇော်ထွန်း၊တပ်သား ဖြိုးရာဇာ တို့မှာ ပြင်းထန် ဒါဏ်ရာများရခဲ့ပြီးတပ်သား ရန်နိုင်ထွေးမှာ ကျဆုံးခဲသည်။
၈။ စအရ ၉၁၅ တပ်သား အောင်ပြည့်ကျော်(ပြင်းထန်ဒါဏ်ရာ) တို့ဖြစ်ကြောင်း သိရပါသည်။(ခမရ ဆိုသည်မှာ ခြေမြန်တပ်ရင်းဖြစ်သည်)
ထိုကဲ့သို တပ်တည်၊တပ်လှုပ်၊ကျဆုံး၊တပ်ပြေးစာရင်းကိုလိမ်လည်တင်ပြပြီး အောက်ခြေ ရဲဘော်များရပိုင်ခွင့်များ၊လစာများကိုလိမ်လည်ထုတ်စားနေသော တပ်မှုးများမြောက်များစွာရှိသော်လည်း စကစမှ အလုံးစုံ ဖော်ထုတ်အရေးမယူရဲဘဲရှိနေလေသည်။ထို့အပြင် မိမိလင်ယောင်္ကျားသေဆုံးသည်ကိုမသိဘဲ ရှေ့တန်းတွင်စစ်ဆင်ရေးရောက်နေသလို၊တပ်ကထွက်ပြေးသွားသလို ၊ရှေ့တန်းဖြစ်၍အဆက်အသွယ်မရသလို ရဲမေများအားလိမ်လည်ပြီး ရိက္ခာ၊လစာထုတ်စားနေသောတပ်မှုးပေါင်းများစွာကြောင့် တပ်တွင်းမကျေနပ်မှုများကြီးထွားလာနေကြောင်း အတွင်းသတင်းအရသိရှိရသည်။
အရည်အချင်းပျက်ယွင်းနေသောတပ်မှုးပေါင်းများစွာမှ မအလ သစ္စာခံများကိုရွေးထုတ်နေရာပေးသည့်အနေဖြင့် ဗိုလ်ချုပ်ဇော်နိုင်ဦးကို ကာကွယ်ရေးစခန်းမှုး၊ဗိုလ်ချုပ်စိုးမင်းကို စစ်ဆေးရေးချုပ် အနေဖြင့်ခန့်အပ်တာဝန်ပေးအပ်ကြောင်းကြားသိရသည်။
မင်းအောင်လှိုင်အနေဖြင့်သူ့ကိုအာခံလာနိုင်သော အရာရှိကြီးများကို အရံအင်အားရွှေ့ခြင်း၊တပ်မဲ့ပြုလုပ်ခြင်းများ ဆက်တိုက်ပြုလုပ်နေပြီး ငယ်ရွယ်သော၊အတွေ့အကြုံနည်းသော၊ဆွေးမျိုးမကင်းသော သစ္စာခံမည့် အရာရှိငယ်များကို မတန်မရာနေရာများပေးခြင်းကြောင့် အရာရှိဟောင်းကြီးများတချို့မှ”ကလေးဗိုလ်နှင့် ကလေး မအလတပ်မတော်”ဟုတီးတိုးလှောင်ပြောင်နေကြကြောင်းကြားသိရသည်။
စစ်လော်ဘီများ၊အမျိုးသားရေးသမားများနှင့် မအလသစ္စာခံများသည်လည်း တော်လှန်ရေးတပ်ဖွဲ့များကြောင့်နောက်ကျောမလုံဘဲ စိုးရိမ်ထိတ်လန့်လာနေကြကြောင်းကြားသိရသည်။တော်လှန်ရေးရဲဘော်များအနေဖြင့် အဘက်ဘက်ယို့ယွင်းနေသော ရန်သူမအလ စကစ အကြမ်းဖက်တပ်ကို ယခုထက်ပိုမို၍စည်းလုံးလျှို့ဝှက်စွာ ဘက်ပေါင်းစုံတော်လှန်တိုက်ခိုက်ပါက ကြင်စိုး(မအလ)၏ ကလေးတပ်လည်းပြိုကာ စစ်အာဏာရှင်စနစ်လည်းချုပ်ငြိမ်းသွားပေ
လိမ့်မည်။
အကိုကြီးညီ


















































