Connect with us

Hi, what are you looking for?

News

နယ်စပ်ဖြတ်ကျော်လာသူများကို အရေး​ပေါ် အကာအကွယ်ပေးမည်ဟု ထိုင်းဝန်ကြီးချုပ် ကတိပြု

ထိုင်းဝန်ကြီးချုပ်သည် မြန်မာပြည်ပဋိပက္ခပိုမိုဆိုးရွားလာမှု တားဆီးရာတွင် အရေးကြီးသည့် အခန်းကဏ္ဍတွင် ရှိနေကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။

ဓာတ်ပုံ - Thai News Agency

နယ်စပ်ဖြတ်ကျော် နေရပ်စွန့်ခွာအရပ်သားများ၏ အရေးပေါ်အကာအကွယ်ပေးရေးလိုအပ်ချက်များကို ဖြေရှင်းဆောင်ရွက်မည်ဟု ထိုင်းဝန်ကြီးချုပ် ပရာယွတ်က ကတိပြုပြောကြားသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်း ဟေးဇာသည် ဘန်ကောက်မြို့သို့ရောက်ရှိနေပြီး ထိုင်းဝန်ကြီးချုပ်နှင့် မြန်မာ့အရေးကိုတွေ့ဆုံ ဆွေးနွေးစဉ် ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

“ဝန်ကြီးချုပ်နဲ့တွေ့ဆုံမှုမှာ မြန်မာနိုင်ငံအခြေအနေ ပိုမိုဆိုးရွားလာမှုကို တားဆီးရေး ချက်ချင်း အရေးယူမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့၊ မြန်မာပြည်သူများ အထူးသဖြင့် ထိခိုက်အလွယ်ဆုံးသူတွေရဲ့ အရေးတကြီးလိုအပ်ချက်တွေကို ဖြေရှင်းဖို့ ကျွန်မတိုက်တွန်းခဲ့ပါတယ်” ဟု ကုလအထူးကိုယ်စားလှယ်က ထုတ်ပြန်သည်။

ထိုင်းဝန်ကြီးချုပ်သည် မြန်မာပြည်ပဋိပက္ခပိုမိုဆိုးရွားလာမှု တားဆီးရာတွင် အရေးကြီးသည့် အခန်းကဏ္ဍတွင် ရှိနေကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အထူးကိုယ်စားလှယ်၏ အားလုံးပါဝင်ပြီး ပြည်သူများ၏ဆန္ဒကို ထင်ဟပ်သည့် မြန်မာနိုင်ငံဦးစားပေးလုပ်ငန်းစဉ်ကိုလည်း ထိုင်းဝန်ကြီးချုပ်က ကြိုဆိုခဲ့ပြီး မကြာသေးမီက အာဆီယံ၊ အာဆီယံအထူးကိုယ်စားလှယ်တို့နှင့် တွေ့ဆုံမှုများ၊ ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။