Connect with us

Hi, what are you looking for?

News

တရုတ် − မြန်မာ လွယ်ဂျယ်နယ်စပ်ဂိတ် ကုန်သွယ်ရေးဂိတ် ကို ၆ လအကြာမှာ ပြန်ဖွင့်ပေး

ပြန်ဖွင့်တဲ့ကာလမှာ မြန်မာဘက်ကနေ ကြံ နဲ့တစ်သျှူးငှက်ပျော တို့ကို တင်ပို့မှာဖြစ်ပြီး တရုတ်ဘက်က ဓာတ်မြေသြဇာ ၊ အထည်အလိပ်နဲ့ အိမ်သုံးကုန်ပစ္စည်းတွေ တင်ပို့မယ်လို့ တရုတ်သံရုံးက ဆိုထားပါတယ်။

ဓာတ်ပုံ − တရုတ်သံရုံး

ကိုဗစ်အကြောင်းပြကာပိတ်ထားတဲ့ တရုတ် − မြန်မာ နယ်စပ် လွယ်ဂျယ် − လိုင်းရင်း နယ်စပ်ဂိတ်ကို ဇန်နဝါရီလ ၁၇ ရက်က ပြန်လည်ဖွင့်လှစ်လိုက်တယ်လို့ ရန်ကုန်မြို့က တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

လွယ်ဂျယ် − လိုင်းရင်း နယ်စပ်ဂိတ်ကို ပိတ်ထားတာ ၆ လ လောက်ကြာမှာ ပြန်ဖွင့်လာတာပါ။

ပြန်ဖွင့်တဲ့ကာလမှာ မြန်မာဘက်ကနေ ကြံ နဲ့တစ်သျှူးငှက်ပျော တို့ကို တင်ပို့မှာဖြစ်ပြီး တရုတ်ဘက်က ဓာတ်မြေသြဇာ ၊ အထည်အလိပ်နဲ့ အိမ်သုံးကုန်ပစ္စည်းတွေ တင်ပို့မယ်လို့ တရုတ်သံရုံးက ဆိုထားပါတယ်။

ဒါအပြင်ဂိတ်ပိတ်ထားချိန်ကာလမှာပိတ်မိနေတဲ့ ကုန်တင်ကားတွေကို ဦးစားပေးပြီးသွားလာခွင့်ပြုမယ်လို့လည်း ဖော်ပြထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

လွယ်ဂျယ်နယ်စပ်ဂိတ်ဟာ ကချင်ပြည်နယ်ထဲမှာ တရုတ်နဲ့ အဓိက ကုန်သွယ်တဲ့ဂိတ်ဖြစ်ပြီး နောက်တစ်ဂိတ်ကတော့ ကန်ပိုင်တည်ဂိတ်ဖြစ်ပါတယ်။

အဲဒီဂိတ်တွေကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၁၁ ရက်ကစတင်ပြီးပိတ်ထားခဲ့တာပါ။

ဆက်စပ်သတင်းများ

အတွေးအမြင်

-Anynon ​ရေးသားသည်။ မြန်မာပြည်သူတိုင်းရဲ့ ရင်ထဲမှာ မျှော်လင့်ချက်တွေအများကြီးရှိနေပါတယ်။ဒါပေမဲ့မျှော်လင့်ချက်တွေကသာ များနေတာ ဘာမှရေရေရာရာ ဖြစ်ဖြစ်မြောက်မြောက် ဖြစ်မလာကြပါဘူး။ ဟိုဟာလေးဖြစ်မလားဆိုပြီးမျှော်လိုက်ရ၊ဒီဟာလေး ဖြစ်မလားဆိုပြီး စောင့်လိုက်ရနဲ့၊ အဆုံးသတ်မှာတော့ ဘာတခုမှ လက်တွေ့မဖြစ်လာဘဲ လေဟာနယ်ထဲမှာပဲ ပျောက်ဆုံးသွားတတ်ကြပါတယ်။ တိုင်းပြည်တခုမှာ မျှော်လင့်ချက်တွေသာ ဒီလောက်များပြားပြီးတခုမှ ဖြစ်မလာဘူးဆိုရင်တော့ ဒီတိုင်းပြည်မှာ တခုခု အလွန်အမင်း...

နိုင်ငံတကာ

ကာကွယ်ရေးနဲ့ မြေရှားသတ္တု တူးဖော် ထုတ်လုပ်ရေးဆိုင်ရာ အမေရိကန် ကုမ္ပဏီ ၁၀ ခုဆီ ပို့ကုန်တွေ တင်ပို့မှုအပေါ် ကန့်သတ်ချက် အသစ်တွေ တရုတ်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာအမည်ပျက်နိုင်ငံ (Black Lists )အဖြစ် ဆက်လက်ထားရှိဖို့ နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF)က ကြေညာလိုက်ပါတယ်။

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။