Connect with us

Hi, what are you looking for?

LuduNwayOo

News

တရုတ် − မြန်မာ လွယ်ဂျယ်နယ်စပ်ဂိတ် ကုန်သွယ်ရေးဂိတ် ကို ၆ လအကြာမှာ ပြန်ဖွင့်ပေး

ပြန်ဖွင့်တဲ့ကာလမှာ မြန်မာဘက်ကနေ ကြံ နဲ့တစ်သျှူးငှက်ပျော တို့ကို တင်ပို့မှာဖြစ်ပြီး တရုတ်ဘက်က ဓာတ်မြေသြဇာ ၊ အထည်အလိပ်နဲ့ အိမ်သုံးကုန်ပစ္စည်းတွေ တင်ပို့မယ်လို့ တရုတ်သံရုံးက ဆိုထားပါတယ်။

ဓာတ်ပုံ − တရုတ်သံရုံး

ကိုဗစ်အကြောင်းပြကာပိတ်ထားတဲ့ တရုတ် − မြန်မာ နယ်စပ် လွယ်ဂျယ် − လိုင်းရင်း နယ်စပ်ဂိတ်ကို ဇန်နဝါရီလ ၁၇ ရက်က ပြန်လည်ဖွင့်လှစ်လိုက်တယ်လို့ ရန်ကုန်မြို့က တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

လွယ်ဂျယ် − လိုင်းရင်း နယ်စပ်ဂိတ်ကို ပိတ်ထားတာ ၆ လ လောက်ကြာမှာ ပြန်ဖွင့်လာတာပါ။

ပြန်ဖွင့်တဲ့ကာလမှာ မြန်မာဘက်ကနေ ကြံ နဲ့တစ်သျှူးငှက်ပျော တို့ကို တင်ပို့မှာဖြစ်ပြီး တရုတ်ဘက်က ဓာတ်မြေသြဇာ ၊ အထည်အလိပ်နဲ့ အိမ်သုံးကုန်ပစ္စည်းတွေ တင်ပို့မယ်လို့ တရုတ်သံရုံးက ဆိုထားပါတယ်။

ဒါအပြင်ဂိတ်ပိတ်ထားချိန်ကာလမှာပိတ်မိနေတဲ့ ကုန်တင်ကားတွေကို ဦးစားပေးပြီးသွားလာခွင့်ပြုမယ်လို့လည်း ဖော်ပြထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

လွယ်ဂျယ်နယ်စပ်ဂိတ်ဟာ ကချင်ပြည်နယ်ထဲမှာ တရုတ်နဲ့ အဓိက ကုန်သွယ်တဲ့ဂိတ်ဖြစ်ပြီး နောက်တစ်ဂိတ်ကတော့ ကန်ပိုင်တည်ဂိတ်ဖြစ်ပါတယ်။

အဲဒီဂိတ်တွေကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၁၁ ရက်ကစတင်ပြီးပိတ်ထားခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

KIA က ဖက်ဆစ်​တော်လှန်​ရေး​နေ့(မတ် ၂၇) တွင် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်း ၇ခုကို စတင်ထိုးစစ်ဆင်ခဲ့ပြီး မတ် ၂၇ ရက်မှာ ဘန်​ရောင်၊ ရှန်တိုင်း ၊ လော့ဒန် စစ်တပ်စခန်း​များကိုသိမ်းပိုက်ခဲ့သည်။

သတင်း

တချို့နိုင်ငံခြားသားတွေကတော့ ကန့်သတ်ပိတ်ပင်ထားတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေတာ မဟုတ်ပေမယ့် အလုပ်သမား စည်းမျဉ်းတွေကို မလိုက်နာလို့ အရေးယူ ခံရတာလို့လည်း ခါရွမ်က ပြောပါတယ်။

နိုင်ငံတကာ

ဘာလိုချီစတန်က ဆိပ်ကမ်း တိုက်ခိုက်မှုမှာတော့ ပါကစ္စတန် အခြေစိုက် BLA ခွဲထွက်ရေး ပြောက်ကျားတွေက ကျူးလွန်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း BLA တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ပါတယ်။

မေးမြန်းခန်း

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို ဗဟိုပြုနေတဲ့ ပထဝီဝင် နိုင်ငံရေး ရိုက်ခတ်မှုတွေ အကြောင်းကို ပြည့်ပြည့်စုံစုံ ပြောကြားခဲ့ပါတယ်။