Connect with us

Hi, what are you looking for?

News

CDM လှုပ်ရှားမှုမှာ ဦးဆောင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဒေါက်တာအာကာမိုးသူကို ထောင် ၃ နှစ်ချ

ပြီးခဲ့တဲ့ မတ်လ ၂ ရက် မနက်ပိုင်းက ဆန္ဒထုတ်ဖော်ဖို့ လှိုင်တက္ကသိုလ်နယ်မြေ RC2 ရှေ့မှာ လူစုနေချိန် ဒေါက်တာအာကာမိုးသူကို ကား နဲ့ ရောက်လာတဲ့ အရပ်ဝတ်တွေက သေနတ်နဲ့ချိန်ကာဖမ်းဆီးသွားခဲ့တာပါ။

CDM လှုပ်ရှားမှုမှာ ဦးဆောင်လှုပ်ရှားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းပညာဌာနက ပါမောက္ခ ဒေါက်တာအာကာမိုးသူကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်ချလိုက်တယ်လို့သိရပါတယ်။

ဒေါက်တာအာကာမိုးသူကို ဇန်နဝါရီလ ၁၇ ရက်ကအမိန့်ချလိုက်တာဖြစ်တယ်လို့ သူရဲ့မိတ်ဆွေတစ်ဦးက ဖေ့ဘွတ်ခ်ကနေအသိပေးထားတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂ ရက် မနက်ပိုင်းက ဆန္ဒထုတ်ဖော်ဖို့ လှိုင်တက္ကသိုလ်နယ်မြေ RC2 ရှေ့မှာ လူစုနေချိန် ဒေါက်တာအာကာမိုးသူကို ကား နဲ့ ရောက်လာတဲ့ အရပ်ဝတ်တွေက သေနတ်နဲ့ချိန်ကာဖမ်းဆီးသွားခဲ့တာပါ။

အဲဒီနောက် စစ်ကောင်စီရဲ့ ဝါဒဖြန်ရုပ်သံက ဒေါက်တာအာဏာမိုးသူကို CDM လှုပ်ရှားမှု မှာ အဓိက ဦးဆောင်ပါဝင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ သတင်းထုတ်ပြန်ခဲ့တာရှိပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့အမှုဖွင့်ခဲ့တာပဲဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

အတွေးအမြင်

သံမဏီနှင်းဆီနဲ့ သ​​င်​ကေတပြုထားတဲ့လူထု​​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ​မွေး​နေ့ရက်​တွေဟာ တကယ်​တော့ လူတစ်ဦးရဲ့​မွေး​နေ့ထက် အဓိပ္ပါယ်​လေးနက်ပါတယ်။ လူထု​​ခေါင်း​ဆောင်အ​ပေါ် ပြည်သူတွေရဲ့ချစ်ခြင်း​မေတ္တာပြသခြင်းရဲ့ပြယုဂ်ခြင်းဖြစ်ပါတယ်။ဒါအပြင် လူထု​ခေါင်း​ဆောင်ရဲ့ ဒီမိုက​ရေစီအတွက် ခက်ခဲကြမ်းတမ်းလှတဲ့လမ်းကို​​လျှောက်လှမ်းရ​ပေမယ့် ​နောက်မတွန့်ပဲ ပန်းတိုင်ဆီ သတ္တိအပြည့်နဲ့ ချီတက်​နေတဲ့ လမ်းစဥ်ကို ယုံကြည်တယ်၊လိုက်နာမယ်ဆိုတဲ့ အချက်ပြ​မှု​တွေလည်းဖြစ်ပါတယ် ။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာ၀တီခရိုင် အုတ်ဖိုမြို့နယ် အောင်သုခ ရပ်ကွက်နေ ပျူစောထီး မောင်ဆန်းဟာ CDM သူနာပြု ဆရာမတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ရာမှာ စစ်တပ်နဲ့အတူ ပါဝင်ခဲ့သူဖြစ်ပြီး ၎င်းကိုဖမ်းဆီးစဉ် ထွက်ပြေးလို့ ပစ်ခတ် ဖမ်းဆီးရာ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာ၀တီခရိုင်တပ်ရင်း(၃၈၀၂)က သတင်းထုတ်ပြန်ပါတယ်။