Connect with us

Hi, what are you looking for?

News

ထိုင်းမှာအလုပ်ရှာဖို့ တရားမဝင် နယ်စပ်ဖြတ်ကျော်လာပြီး ဂူထဲမှာခေတ္တပုန်းခိုနေတဲ့ မြန်မာ ၈၀ ကျော်ဖမ်းဆီးခံရ

ထိုင်းရဲက ကားဒရိုက်ဘာ တစ်ဦးကိုဖမ်းမိပြီးစစ်ဆေးရာမှာ ဂူထဲက မြန်မာတွေဆီ ရေသန့်ပို့ဆောင်ပေးတဲ့သူဖြစ်နေတာကိုသိရလို့ အဲဒီ ဒရိုက်ဘာကို မြန်မာတွေပုန်းအောင်နေတဲ့ ဂူဆီ လမ်းပြ လုပ်ခိုင်းခဲ့တာပါ။

ဓာတ်ပုံ − ဘန်ကောက်ပို့စ်

ထိုင်းနိုင်ငံထဲ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာ နိုင်ငံသား ၈၃ ဦး ကို ထောင်ဖာဖွန် ခရိုင်ထဲက ဂူတစ်ခုထဲမှာ ပုန်းအောင်းနေချိန် မနေ့က ဇန်နဝါရီ၁၉ရက်နေ့မှာဖမ်းဆီးရမိတယ်လို့ ထိုင်း ရဲတပ်ဖွဲ့ရဲ့ပြောဆိုချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်ကသတင်းဌာနက ဖော်ပြပါတယ်။

ထောင်ဖာဖွန်ခရိုင်ဟာ မြန်မာနဲ့နိုင်ငံနဲ့ထိစပ်နေတဲ့ ကန်ချနာဘူရီ ပြည်နယ်ထဲက ဖြစ်ပါတယ်။

ဓာတ်ပုံ − ဘန်ကောက်ပို့စ်

ဖမ်းမိတဲ့သူတွေထဲမှာ အမျိုးသား ၆၀ ဦးနဲ့အမျိုးသမီး ၂၃ ဦးပါဝင်ပြီး သူတို့ကို စစ်ဆေးမေးမြန်းဖို့အတွက် ရဲစခန်းဆီ ကား ၁၀ စီးနဲ့ခေါ်ဆောင်သွားခဲ့ရတယ်လို့သိရပါတယ်။

ထိုင်းရဲက ကားဒရိုက်ဘာ တစ်ဦးကိုဖမ်းမိပြီးစစ်ဆေးရာမှာ ဂူထဲက မြန်မာတွေဆီ ရေသန့်ပို့ဆောင်ပေးတဲ့သူဖြစ်နေတာကိုသိရလို့ အဲဒီ ဒရိုက်ဘာကို မြန်မာတွေပုန်းအောင်နေတဲ့ ဂူဆီ လမ်းပြ လုပ်ခိုင်းခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဖမ်းမိတဲ့ မြန်မာတွေဟာဘုရားသုံးဆူ၊ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူး၊ ထားဝယ်ဒေသတို့က ဖြစ်ပြီး ထိုင်းနိုင်ငံ စမွန်စခွန် ၊ ရက်ချဘူရီ ၊ ကန်ချနာဘူရီ နဲ့ဘန်ကောက်တို့ မှာ အလုပ်ရဖို့ ထွက်လာကြတာပါ။

ဓာတ်ပုံ − ဘန်ကောက်ပို့စ်

သူတို့ဟာ အလုပ်ရှာပေးမယ့် ပွဲစားကို ထိုင်းဘတ် ၁ သောင်းကနေ ၂ သောင်းခွဲ အထိ ပေးရတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် စီးပွားရေးကျပ်တည်းလာတဲ့အတွက် အိမ်နီးချင်းထိုင်းနိုင်ငံကိုသွားရောက်လုပ်ကိုင်ကြသူများလာတာပါ။

ဒီလိုသွားရောက်ရာမှာလည်း တရားမဝင်သွားရောက်ကြတဲ့သူတွေများနေပြီး ထိုင်းရဲတပ်ဖွဲ့က မကြာခဏဆိုသလို ဖမ်းမိနေတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ တရားမဝင် နယ်စပ်ဖြတ်ကျော်လို့ ဖမ်းဆီးခံရသူ ၆၈၀၀၀ မှာအများစု ဟာ မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် အန်နုတင် ချန်ဗီရာကူလ်က နွန်သဘူရီမြို့ကျောင်းတွင်းပစ်ခတ်မှုကြောင့် လူသေဆုံးခဲ့ရတဲ့ဖြစ်ရပ်အပေါ် အလွန်အမင်း ဝမ်းနည်းကြောင်းပြောကြားပြီး၊ ဒီဖြစ်ရပ်ဟာအလွန်ဆိုးရွားတဲ့ထိတ်လန့်ဖွယ် ဖြစ်ရပ်လို့​ပြောပါတယ် ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော် မြောက်ပိုင်းနားမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ သေနတ်သမား အပါအဝင် အနည်းဆုံး ၃ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။