Connect with us

Hi, what are you looking for?

LuduNwayOo

News

ထိုင်းမှာအလုပ်ရှာဖို့ တရားမဝင် နယ်စပ်ဖြတ်ကျော်လာပြီး ဂူထဲမှာခေတ္တပုန်းခိုနေတဲ့ မြန်မာ ၈၀ ကျော်ဖမ်းဆီးခံရ

ထိုင်းရဲက ကားဒရိုက်ဘာ တစ်ဦးကိုဖမ်းမိပြီးစစ်ဆေးရာမှာ ဂူထဲက မြန်မာတွေဆီ ရေသန့်ပို့ဆောင်ပေးတဲ့သူဖြစ်နေတာကိုသိရလို့ အဲဒီ ဒရိုက်ဘာကို မြန်မာတွေပုန်းအောင်နေတဲ့ ဂူဆီ လမ်းပြ လုပ်ခိုင်းခဲ့တာပါ။

ဓာတ်ပုံ − ဘန်ကောက်ပို့စ်

ထိုင်းနိုင်ငံထဲ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာ နိုင်ငံသား ၈၃ ဦး ကို ထောင်ဖာဖွန် ခရိုင်ထဲက ဂူတစ်ခုထဲမှာ ပုန်းအောင်းနေချိန် မနေ့က ဇန်နဝါရီ၁၉ရက်နေ့မှာဖမ်းဆီးရမိတယ်လို့ ထိုင်း ရဲတပ်ဖွဲ့ရဲ့ပြောဆိုချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်ကသတင်းဌာနက ဖော်ပြပါတယ်။

ထောင်ဖာဖွန်ခရိုင်ဟာ မြန်မာနဲ့နိုင်ငံနဲ့ထိစပ်နေတဲ့ ကန်ချနာဘူရီ ပြည်နယ်ထဲက ဖြစ်ပါတယ်။

ဓာတ်ပုံ − ဘန်ကောက်ပို့စ်

ဖမ်းမိတဲ့သူတွေထဲမှာ အမျိုးသား ၆၀ ဦးနဲ့အမျိုးသမီး ၂၃ ဦးပါဝင်ပြီး သူတို့ကို စစ်ဆေးမေးမြန်းဖို့အတွက် ရဲစခန်းဆီ ကား ၁၀ စီးနဲ့ခေါ်ဆောင်သွားခဲ့ရတယ်လို့သိရပါတယ်။

ထိုင်းရဲက ကားဒရိုက်ဘာ တစ်ဦးကိုဖမ်းမိပြီးစစ်ဆေးရာမှာ ဂူထဲက မြန်မာတွေဆီ ရေသန့်ပို့ဆောင်ပေးတဲ့သူဖြစ်နေတာကိုသိရလို့ အဲဒီ ဒရိုက်ဘာကို မြန်မာတွေပုန်းအောင်နေတဲ့ ဂူဆီ လမ်းပြ လုပ်ခိုင်းခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဖမ်းမိတဲ့ မြန်မာတွေဟာဘုရားသုံးဆူ၊ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူး၊ ထားဝယ်ဒေသတို့က ဖြစ်ပြီး ထိုင်းနိုင်ငံ စမွန်စခွန် ၊ ရက်ချဘူရီ ၊ ကန်ချနာဘူရီ နဲ့ဘန်ကောက်တို့ မှာ အလုပ်ရဖို့ ထွက်လာကြတာပါ။

ဓာတ်ပုံ − ဘန်ကောက်ပို့စ်

သူတို့ဟာ အလုပ်ရှာပေးမယ့် ပွဲစားကို ထိုင်းဘတ် ၁ သောင်းကနေ ၂ သောင်းခွဲ အထိ ပေးရတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် စီးပွားရေးကျပ်တည်းလာတဲ့အတွက် အိမ်နီးချင်းထိုင်းနိုင်ငံကိုသွားရောက်လုပ်ကိုင်ကြသူများလာတာပါ။

ဒီလိုသွားရောက်ရာမှာလည်း တရားမဝင်သွားရောက်ကြတဲ့သူတွေများနေပြီး ထိုင်းရဲတပ်ဖွဲ့က မကြာခဏဆိုသလို ဖမ်းမိနေတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ တရားမဝင် နယ်စပ်ဖြတ်ကျော်လို့ ဖမ်းဆီးခံရသူ ၆၈၀၀၀ မှာအများစု ဟာ မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူ့နုတ်ထွက်မှုဟာ ဒုတိယ ဝန်ကြီးချုပ် ရာထူးအတွက် တခြားတစ်ဦးကို ခန့်အပ်နိုင်ဖို့ လမ်းဖွင့်ပေးတဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။

နိုင်ငံတကာ

မနှစ်တုန်းက ကမ္ဘာတလွှားမှာ အပူဒဏ်ပိမှုဟာ စံချိန်တင် အဆင့်ထိ မြင့်တက်လာပြီး ကုလသမဂ္ဂက အာရှရဲ့ အပူချိန်ဟာ ကြောက်ခမန်းလိလိ မြန်နှုန်းမျိုးနဲ့ မြင့်တက်လာနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...