Connect with us

Hi, what are you looking for?

News

မြို့ပြပြောက်ကျားတိုက်ပွဲ ဆင်နွှဲတော့မည်ဖြစ်၍ ပြည်သူများ လုံခြုံသည့်နေရာရွှေ့ပြောင်းကြရန် KDF ကြေညာ

KDF အပါအဝင် ကရင်နီဒေသရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့သည် ကယား ပြည်နယ်ရှိ လွိုင်ကော်မြို့အပြင် ဒီမော့ဆို ၊ ဒေါငံခါး၊ ၆မိုင်နှင့် မြို့ပေါ်ရပ်ကွက်များတွင်လည်းတိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ထားသည်။

(လွိုင်ကော်မြို့ ဒေသခံများ စစ်ဘေးတိမ်းရှောင်ရန် သွားလာနေကြသည်ကို ယခုလပိုင်းအတွင်းက တွေ့ရစဥ်)

ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)နှင့်မြို့ပြညီနောင်များက မြို့ပြပြောက်ကျားတိုက်ပွဲများကို ဆင်နွှဲတော့မည်ဖြစ်ကြောင်းနှင့် စစ်ကောင်စီ၏ထောက်တိုင်မှန်သမျှကို လိုက်လံ၍ တိုက်ခိုက်တွန်းလှန်းသွားတော့မည်ဖြစ်ကြောင်း KDFက ယနေ့ညတွင် ကြေညာသည်။

“ဒီနေ့ဆို လွိုင်ကော်မြို့ထဲမှာ စနိုက်ဘာနဲ့ အပစ်ခံထားရတဲ့ ပြည်သူနှစ်ဦးအလောင်း အပြင် စုစုပေါင်း ပြည်သူ၁၃ဦး သေဆုံးတာတွေ့ရတယ်။ စစ်ခွေးတွေက ပြည်သူလည်း ရှောင်မှာ မဟုတ်တဲ့ အတွက် အမြန်ဆုံးရွှေ့ပြောင်းကြဖို့ တိုက်တွန်းချင်တယ်။ပြီးတော့ ကျွန်တော်တို့ မြို့ပြ ပြောက်ကျားတိုက်ပွဲကို အရှိန်မြှင့်တော့မှာ ဖြစ်တယ်”ဟု KDF ၏ ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

ရပ်ကွက် ၁၄ ခုရှိသည့် လွိုင်ကော်မြို့တွင် နေထိုင်သူခြောက်သောင်းကျော် အနက် တစ်သောင်း ခန့်မှာ စစ်ဘေးရှောင်ရန် ကျန်ရှိနေသေးကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

KDF အပါအဝင် ကရင်နီဒေသရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့သည် ကယား ပြည်နယ်ရှိ လွိုင်ကော်မြို့အပြင် ဒီမော့ဆို ၊ ဒေါငံခါး၊ ၆မိုင်နှင့် မြို့ပေါ်ရပ်ကွက်များတွင်လည်းတိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

KDFသည် မြို့ပြပြောက်ကျားတိုက်ပွဲများ ဆင်နွှဲခဲ့ကြောင်း၊ မြို့ပေါ်မြို့ပြတိုက်ပွဲများ ဆင်နွှဲတော့ မည်ဖြစ်၍ မြို့နေ ပြည်သူလူထုများအနေဖြင့် မြို့ပေါ်၌ နေထိုင်နေကြပါက အမြန်ဆုံးထွက်ခွာ ကြပါရန်နှင့် လုံခြုံသော နေရာသို့ ရွှေ့ပြောင်းကြပါရန်တိုက်တွန်းနှိုးဆော်ကြောင်း ဖော်ပြထားသည်။

လွိုင်ကော်မြို့ခံတစ်ဦးကမူ ဖုန်းအား အခက်အခဲကြောင့် အင်တာနက်လိုင်း အသုံးမပြုရသေး၍ KDF၏ သတိပေးချက်ကို မသိရသေးဟု ပြောသည်။ လွိုင်ကော်မြို့ပေါ် တိုက်ပွဲကြောင့် မြို့ခံအများအပြား အခြားဒေသသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

“လောလောဆယ်တော့ သွားဖို့လာဖို့ အခက်အခဲဖြစ်တာရယ် ငွေရေးကြေးရေး အဆင်မပြေတာရယ်ကြောင့် လောလောဆယ် မြို့ပေါ် နေလိုက်အုံးမယ်။တအားနဲ့ ဖြစ်တယ်ဆိုးတယ်ဆိုရင် ဗုံးကျင်းထဲမှာ နေပြီးတော့ မိုးလင်းတာနဲ့ ပြေးသင့်တဲ့နေရာပြေးရမှာပေါ့”ဟု လွိုင်ကော်မြို့ခံ တစ်ဦးက ပြောသည်။

KDFအနေဖြင့် အတတ်နိုင်ဆုံး ပြည်သူများ၏အိုးအိမ် စည်းစိမ် များကိုကာကွယ်စောင့်ရှောက်ရင်း တိုင်းပြည်နှင့်လူမျိုးအတွက် တိုက်ပွဲဝင်သွားမည်ဟု ကတိပြုကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။