Connect with us

Hi, what are you looking for?

News

လှိုင်သာယာတွင် ယနေ့နံနက်က ပေါက်ကွဲမှုသုံးကြိမ်ဖြစ်၊ ဖိလို့ကြွခြင်းဖြစ်ဟု တော်လှန်ရေးအဖွဲ့​​ပြော

“ဖိရင်ကြွမယ်၊ ထိရင်ချမယ်၊ ငါတို့လှိုင်သာယာသားတွေ သွေးမအေးဘူး။ သေဒဏ်ချလို့လည်း သွေးပျက်မသွားဘူး”ဟု ZTH မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

လှိုင်သာယာမြို့နယ်တွင် ယနေ့(ဇန်နဝါရီ ၂၂) နံနက်ပိုင်းက ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်နှင့် ၎င်း၏လက်ပါးစေပါးကို တိုက်ခိုက်ခဲ့​ခြင်းဖြစ်ကြောင်း မြို့ပြပြောက် ကျားတပ်ဖွဲ့ From Zero to Hero (ZTH)အဖွဲ့က လူထုနွေဦးသို့ အတည်ပြုပြောကြား သည်။

ယနေ့ နံနက် ၅ နာရီခွဲခန့်က လှိုင်သာယာ (၅) ထိပ်မှတ် တိုင်အနီး စစ်ကောင်စီတပ်၏ အထည်ချုပ်စက်ရုံကို လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ZTH အဖွဲ့က ပြောသည်။

ထို့အပြင် ယင်းပေါက်ကွဲမှုကြောင့် တပ်ရင်း(၉) ဘက်မှနေ၍ (၅)ထိပ်ဘက်မောင်းနှင်လာသော ကင်းလှည့်စစ်ကားအား BOC မီးပွိုင့်အနီး အ ဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ZTH ပြောက်ကျားတပ်က ဆိုသည်။

“ဖိရင်ကြွမယ်၊ ထိရင်ချမယ်၊ ငါတို့လှိုင်သာယာသားတွေ သွေးမအေးဘူး။ သေဒဏ်ချလို့လည်း သွေးပျက်မသွားဘူး”ဟု ZTH မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေး Mission များဆောင်ရွက်ရာတွင် ပြည်သူ လူထုပူးပေါင်းပါဝင်မှုအရေးကြီးပြီး ပြည်သူက တော်လှန်ရေးသမားများကို အားကိုးပြုသကဲ့သို့ တော်လှန်ရေးသမားများသည်လည်း ပြည်သူ့ထောက်ပံ့ကူညီမှုလိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။

အထက်ပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်၊သေဆုံးမှုရှိ၊ မရှိ မသိရသေးသော်လည်း ZTH အဖွဲ့ဝင်ရဲဘော်များအနေဖြင့် အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ယနေ့နံနက် ၁၀ နာရီခန့်ကလည်း လှိုင်သာယာမြို့နယ် (၂၀)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဖောက် ခွဲတိုက်ခိုက်ခံခဲ့ရပြီး ထိုတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်နှင့် ထိခိုက်သေဆုံးမှုရှိ၊ မရှိ မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့စက်တင်ဘာ ၂ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

Facebook