Connect with us

Hi, what are you looking for?

News

မုံရွာ-မန္တ​လေးလမ်း ယ​နေ့မှစ၍ တော်လှန်​ရေး​အောင်မြင်သည်အထိ့ ည၈ နာရီမှ မနက် ၄နာရီအတွင်းသွားလာခြင်းမပြုရန် အသိပေး

မိဘပြည်သူများအနေဖြင့် ယနေ့မှစ၍ တော်လှန်ရေးအောင်မြင်သည်အထိ ကျန်းမာရေးနှင့်ပတ်သက်သော အရေးကြီးကိစ္စရပ်များမှလွဲ၍ မုံရွာ-မန္တလေးလမ်းမကြီးအား
ည ၈ နာရီမှ မနက် ၄ နာရီအတွင်း အသုံးပြုကြခြင်းကို ရှောင်ရှားပေးကြစေလိုကြောင်း People Defence Force (South Monywa)က ယနေ့( ဇန်နဝါရီလ ၂၃ ရက်နေ့)တွင် အသိပေးသည်။

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးအား ည ၈ နာရီမှ မနက် ၄ နာရီအတွင်း သွားလာခြင်းမပြုကြရန် မုံရွာတောင်ပိုင်းနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးကြေညာသည်။

မိဘပြည်သူများအနေဖြင့် ယနေ့မှစ၍ တော်လှန်ရေးအောင်မြင်သည်အထိ ကျန်းမာရေးနှင့်ပတ်သက်သော အရေးကြီးကိစ္စရပ်များမှလွဲ၍ မုံရွာ-မန္တလေးလမ်းမကြီးအား
ည ၈ နာရီမှ မနက် ၄ နာရီအတွင်း အသုံးပြုကြခြင်းကို ရှောင်ရှားပေးကြစေလိုကြောင်း People Defence Force (South Monywa)က ယနေ့( ဇန်နဝါရီလ ၂၃ ရက်နေ့)တွင် အသိပေးသည်။

Public Service Announcement

ကျန်းမာရေးနှင့်ပတ်သက်သော အရေးကြီးကိစ္စရပ်များကြောင့် မဖြစ်မနေ မုံရွာ-မန္တလေးလမ်းမကြီးအား အသုံးပြုမည်ဆိုပါက မည်သည့်ကားမဆို ကားမှန်များချ၍ သင့်တင့်သောအရှိန် (အမြန်မမောင်းပဲ) ဖြင့်သာ မောင်းနှင်သွားလာပေးကြစေလိုကြောင်း၊ မုံရွာ-မန္တလေးလမ်းမကြီးအား အသုံးပြုခြင်းဆိုသည်မှာ ကားများသာမက ဆိုင်ကယ်၊ ခြေလျင် အစရှိသည့် ခရီးသွားလာသောမည်သူမဆိုကို ဆိုလိုခြင်းဖြစ်ပြီးယခု ကြေငြာချက်သည် ယနေ့မှစ၍ တော်လှန်ရေးအောင်မြင်သည့်အချိန်အထိ ထုတ်ပြန်ခြင်းဖြစ်ကြောင်း People Defence Force (South Monywa)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ကားများ မကြာခဏတိုက်ခိုက်ခံရလေ့ရှိပြီး ဇန်နဝါရီလ ၂၀ ရက်နေ့ ညနေ ၆ နာရီခန့်ကလည်း မုံရွာမြို့မှတောင်ဘက်သို့ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီကားနှစ်စီးကို ညီနောင်အဖွဲ့က မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာ၌ မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီ၏ လက်ကိုင်တုတ်အရာရှိတစ်ဦးအပါအဝင် ကားပိ၍ သေသူ၊ မိုင်းထိမှန်၍သေသူစုစုပေါင်း ၂၀ ကျော်သေဆုံးသည်ဟု PDFအဖွဲ့များက အသိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

မုံရွာမြို့ရဲ့ ရပ်ကွက်အချို့မှာ မိုးရွာလိုက်တိုင်း ​ရေနှုတ်​မြောင်းမရှိတဲ့အတွက် ရေဝပ်ပြီး ရေနစ်မြုပ်​နေတာ​ကြောင့် ​နောက်ဆက်တွဲကျန်းမာ​ရေးပြသာနာ​တွေဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်​​နေကြပါတယ်။

သတင်း

တပတ်ကျော်အတွင်း အိမ်ခြံမြေပွဲစားတွေ ပြန်ပေးဆွဲခံရမှု ၂မှုဖြစ်လာ

Facebook