Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီထံ လက်နက်ရောင်းချမှုရပ်တန့်ရန် အချိန် တန်ပြီဟု JFM တောင်းဆို

ရက်စက်ကြမ်းကြုတ်သည့်ရာဇဝတ်မှုများဆက်လက်ကျူးလွန်နေသော စစ်ကောင်စီထံ လက်နက်ရောင်းချမှုရပ်တန့်ရန် အချိန်တန်ပြီဟု Justice for Myanmar က တောင်းဆိုထုတ်ပြန်သည်။

▪️ပြီးခဲ့သည့် နှစ်ပေါင်း ၂၀အတွင်း တရုတ်နှင့် ရုရှားက တိုက်လေယာဉ်အပါအဝင် လက်နက်ပေါင်းစုံအများဆုံး​ရောင်းချခဲ့

ရက်စက်ကြမ်းကြုတ်သည့်ရာဇဝတ်မှုများဆက်လက်ကျူးလွန်နေသော စစ်ကောင်စီထံ လက်နက်ရောင်းချမှုရပ်တန့်ရန် အချိန်တန်ပြီဟု Justice for Myanmar က တောင်းဆိုထုတ်ပြန်သည်။

အကြမ်းဖက် မြန်မာစစ်တပ်ကို လက်နက်များ ထောက်ပံ့နေသည့် စီးပွားရေးလုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များကို ပိတ်ဆို့ အရေးယူရန်၊ ကမ္ဘာလုံးဆိုင်ရာ လက်နက်ပိတ်ဆို့မှုကို ချက်ချင်း ချမှတ်ဆောင်ရွက်ရန်လည်း တိုက်တွန်းထားသည်။

Justice for Myanmar ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း လေယာဉ်များ၊ ဒုံးလက်နက်များ၊ သင်္ဘောများ၊ စက်အင်ဂျင်များ၊ အမြောက်များ၊ သံချပ်ကာယာဉ်များ၊ ရေတပ်လက်နက်များကို တရုတ်၊ ရုရှား၊ ယူကရိန်း၊ အစ္စရေး၊ ဆားဘီးယားတို့က အများဆုံးတင်ပို့ရောင်းချ ခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါနိုင်ငံများ၏နောက်တွင် ဂျာမနီ၊ အိန္ဒိယ၊ ပြင်သစ်၊ ဩစတြီးယား၊ နယ်သာလန်၊ မြောက်ကိုရီးယား၊ ဘီလာရုစ်နှင့် တောင်ကိုရီးယားတို့လည်း အကြမ်းဖက် စစ်ကောင်စီကို လက်နက်ပစ္စည်းများ ရောင်းချခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၂၁ ဇွန်လတွင် ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာသို့ လက်နက်စီးဝင်မှု တား မြစ်ရေးအဖွဲ့ဝင်နိုင်ငံများကို တောင်းဆိုကြောင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့သော်လည်း နိုင်ငံအချို့က အကြမ်းဖက်စစ်ကောင်စီကို စစ်လက်နက်များ တင်ပို့နေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။