Connect with us

Hi, what are you looking for?

News

အသံတိတ်သပိတ်​နေ့တွင် ဆိုင်များဖွင့်ရန် ဖိအား​ပေး​နေ​သော သန်လျင်စည်ပင်ဌာနကို ​နောက်ဆုံးအကြိမ် သတိ​ပေး

ရန်ကုန်မြို့ သန်လျင်မြို့နယ်အတွင်းရှိ ဈေးဆိုင်များကို ဖေဖော်ဝါရီ ၁ရက်တွင် ဆိုင်ဖွင့်ရန် ဖိအားပေးနေသည့် မြို့နယ်စည်ပင်ဌာနကို သန်လျင်ဗိုလ်နဂါး နှင့် Urban Guerrilla Force – Thanlyin တို့က နောက်ဆုံးအကြိမ် သတိပေးလိုက်သည်။

သန်လျင်မြို့ရှိဈေးဆိုင်များကို အသံတိတ်သပိတ် (Silent Strike) ပြုလုပ်မည့် ဖေဖော်ဝါရီ  ၁ ရက်တွင် ဆိုင်များဖွင့်ရန် နှင့် ပိတ်ထားပါက စည်ပင် သာယာရေးအဖွဲ့များ ဥပဒေ၊ ဈေးများဆိုင်ရာ စည်းကမ်းဥပဒေများဖြင့်  အရေးယူမည့်အကြောင်းကို  ယ​နေ့တွင် လက်မှတ်ထိုးခိုင်းခဲ့ကြောင်း သန်လျင်ဒေသခံတစ်ဦးက ပြောသည်။

“သန်လျင်တစ်မြို့လုံးက ဆိုင်တွေကို လက်မှတ်လိုက်ထိုးခိုင်းတာ” ဟု အထက်ပါဒေသခံက ပြောသည်။

သန်လျင်မြို့နယ်စည်ပင်သာယာဌာနသည် နှစ်ရှည်အပင်များကို ခုတ်လှဲခြင်း ၊ အခွန်များကို မတရားခြိမ်းခြောက်ကောက်ခံခြင်း ၊ Silent Strike နေ့တွင်ဆိုင်ပိတ်ပါက ဆိုင်များကို ပြည်သူပိုင်သိမ်း၍ ထောင်ချမည်ဟု ခြိမ်းခြောက်မှုများပြုလုပ်နေသောကြောင့် သန်လျင်ဗိုလ်နဂါး နှင့် Urban Guerrilla Force – Thanlyin တို့က နောက်ဆုံးအကြိမ်သတိပေးခဲ့ခြင်း ဖြစ်သည်။

သန်လျင်ဗိုလ်နဂါး နှင့် Urban Guerrilla Force – Thanlyin တို့သည် ဇန်နဝါရီ ၂၇ ရက်ကလည်း မီတာခ အတင်းအကျပ်ကောက်ခံနေသည့် သန်လျင်လျှပ်စစ်အင်ဂျင်နီယာရုံးကို ဗုံးဖောက်ခွဲသတိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့၊သန်လျင်မြို့နယ်က ကန်နီရေကန်မှာ လူငယ်ခြောက်ဦး ရေဆင်းကူးရာက နှစ်ဦးရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်း‌တွေက အသိပေးထားပါတယ်။

သတင်း

မန္တလေးမြို့ပေါ် ရပ်ကွက်တွေက အမှိုက်ကန်တွေမှာ စည်ပင်က အရင်လိုနေ့စဉ် အမှိုက်မသိမ်းဆည်းတာကြောင့် အနံ့ဆိုးတွေ ထွက်နေတာကို ကြုံနေရတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

သတင်း

ရန်ကုန်တိုင်း၊သန်လျင်မြို့နယ်မှာ (၁၆)နှစ်အရွယ် ကလေးတစ်ဦး စစ်မှုထမ်းအဖြစ် ရောင်းစားခံရတယ်လို့ ကာယကံရှင်ရဲ့မိခင်ဖြစ်သူက ပြောပါတယ်။