Connect with us

Hi, what are you looking for?

LuduNwayOo

News

အသံတိတ်သပိတ်​နေ့တွင် ဆိုင်များဖွင့်ရန် ဖိအား​ပေး​နေ​သော သန်လျင်စည်ပင်ဌာနကို ​နောက်ဆုံးအကြိမ် သတိ​ပေး

ရန်ကုန်မြို့ သန်လျင်မြို့နယ်အတွင်းရှိ ဈေးဆိုင်များကို ဖေဖော်ဝါရီ ၁ရက်တွင် ဆိုင်ဖွင့်ရန် ဖိအားပေးနေသည့် မြို့နယ်စည်ပင်ဌာနကို သန်လျင်ဗိုလ်နဂါး နှင့် Urban Guerrilla Force – Thanlyin တို့က နောက်ဆုံးအကြိမ် သတိပေးလိုက်သည်။

သန်လျင်မြို့ရှိဈေးဆိုင်များကို အသံတိတ်သပိတ် (Silent Strike) ပြုလုပ်မည့် ဖေဖော်ဝါရီ  ၁ ရက်တွင် ဆိုင်များဖွင့်ရန် နှင့် ပိတ်ထားပါက စည်ပင် သာယာရေးအဖွဲ့များ ဥပဒေ၊ ဈေးများဆိုင်ရာ စည်းကမ်းဥပဒေများဖြင့်  အရေးယူမည့်အကြောင်းကို  ယ​နေ့တွင် လက်မှတ်ထိုးခိုင်းခဲ့ကြောင်း သန်လျင်ဒေသခံတစ်ဦးက ပြောသည်။

“သန်လျင်တစ်မြို့လုံးက ဆိုင်တွေကို လက်မှတ်လိုက်ထိုးခိုင်းတာ” ဟု အထက်ပါဒေသခံက ပြောသည်။

သန်လျင်မြို့နယ်စည်ပင်သာယာဌာနသည် နှစ်ရှည်အပင်များကို ခုတ်လှဲခြင်း ၊ အခွန်များကို မတရားခြိမ်းခြောက်ကောက်ခံခြင်း ၊ Silent Strike နေ့တွင်ဆိုင်ပိတ်ပါက ဆိုင်များကို ပြည်သူပိုင်သိမ်း၍ ထောင်ချမည်ဟု ခြိမ်းခြောက်မှုများပြုလုပ်နေသောကြောင့် သန်လျင်ဗိုလ်နဂါး နှင့် Urban Guerrilla Force – Thanlyin တို့က နောက်ဆုံးအကြိမ်သတိပေးခဲ့ခြင်း ဖြစ်သည်။

သန်လျင်ဗိုလ်နဂါး နှင့် Urban Guerrilla Force – Thanlyin တို့သည် ဇန်နဝါရီ ၂၇ ရက်ကလည်း မီတာခ အတင်းအကျပ်ကောက်ခံနေသည့် သန်လျင်လျှပ်စစ်အင်ဂျင်နီယာရုံးကို ဗုံးဖောက်ခွဲသတိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ပြည်သူလူထုများကို မတရားသဖြင့် ဖမ်းဆီးခြင်း၊ စစ်ဘက်၊ အရပ်ဘက်မခွဲခြားဘဲ မြို့ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆက်လက် ပြုလုပ်လျက်ရှိကြောင်း ဖော်ပြသည်။

သတင်း

အဆိုပါစစ်ဆင်ရေးကို Chauk Guerrilla Force(CGF)နှင့် ချောက်ပကဖ၊ မကွေးခရိုင်အမှတ်၂တပ်ရင်း၊ Burma Revolution Rangers အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

သတင်း

ကျောက်မဲမြို့၊ မြို့နယ်စည်ပင်သာယာ​ရေး​ကော်မတီ၊ဦးစီးမှူးနှင့် နမ္မတူမြို့မှ လျှပ်စစ်ဌာန အရာရှိတစ်ဦးသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် လူနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဟု သိရသည်။

သတင်း

​တောင်သာနယ်သည် ယခင်စစ်အစိုးရလက်ထက် စက်မှုဝန်ကြီး​ဟောင်း ဦး​အောင်​သောင်၏ ဇာတိနယ်ဖြစ်သည်။ထို​ကြောင့် အစဥ်အဆက် ပြည်ခိုင်ဖြိုး အား​ကောင်း​​သော​ဒေသဖြစ်​သော်လည်း ၂၀၂၀ ​ရွေး​ကောက်ပွဲတွင် ​တောင်သာနယ်တွင်ပင် ပြည်ခိုင်ဖြိုးရှုံးနိမ့်ပြီး ဒီချုပ်အနိုင်ရခဲ့သည်။