Connect with us

Hi, what are you looking for?

News

ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီး​ရွာကို ယနေ့နံနက်က စစ်ကောင်စီတပ်များဝင်ရောက်စီးနင်းနေ

ယနေ့(ဇန်နဝါရီ ၂၉)နံနက်အစောပိုင်း ၁ နာရီခန့်က ရေကြောင်းဖြင့်လာသော အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ်က မော်တော်(ရေယာဥ်)ပေါ်မှနေ၍ သစ်ဆိမ့်ကျေးရွာပေါ်သို့ ရမ်းသမ်းပစ် ခတ်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြော သည်။

People's Spring
People's Spring

-လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကျေးရွာအတွင်း ပစ်ခတ်ဟုဒေသခံများပြော

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီးကျေးရွာအား အကြမ်းဖက်စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနင်းကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကျေးရွာအတွင်းရမ်းသမ်းပစ်ခတ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဇန်နဝါရီ ၂၉)နံနက်အစောပိုင်း ၁ နာရီခန့်က ရေကြောင်းဖြင့်လာသော အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ်က မော်တော်(ရေယာဥ်)ပေါ်မှနေ၍ သစ်ဆိမ့်ကျေးရွာပေါ်သို့ ရမ်းသမ်းပစ် ခတ်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြော သည်။

စစ်ကောက်စီတပ်များသည် ကျေးရွာအတွင်းသို့ ပစ်ခတ်စီးနင်းခြင်းများပြုလုပ်သည့်အပြင် ဒေသခံပြည်သူများ၏နေအိမ်များကို ဖောက်ထွင်းခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေခြင်းကြောင့် ပြည်သူများဘေးလွတ်ရာရှောင်တိမ်းနေရကြောင်း ဒေသခံအမျိုးသားတစ်ဦးက အတည်ပြုသည်။

Public Service Announcement

Public Service Announcement

ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီးကျေးရွာအုပ်စုတွင် လူဦရေ ၂,၆၀၀ ကျော် နေထိုင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook