Connect with us

Hi, what are you looking for?

News

ဖယ်ခုံနှင့်လွိုင်ကော် ယနေ့တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၁၂ဦးသေ၊ ကားသုံးစီးပျက်စီးဟု KNDF ထုတ်ပြန်

ဖယ်ခုံတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ (၁၂၀)မမ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ဖယ်ခုံမြို့အတွင်း နေအိမ်များပျက်စီးခဲ့ကြောင်း KNDFက ထုတ်ပြန်သည်။

ရှမ်း-ကယားနယ်စပ်မြို့နယ်များဖြစ်သည့် လွိုင်ကော်နှင့်ဖယ်ခုံမြို့နယ်တို့တွင် ယနေ့တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၁၂ဦးသေဆုံးပြီး စစ်ကား သုံးစီးပျက်စီးခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)က ထုတ်ပြန်သည်။

ဖယ်ခုံမြို့နယ်၊ ရွှေပြည်အေးနှင့် ကုန်းဆုံတိုက်ပွဲအနီးတွင် ဗန်းမောက်ကျေးရွာဖက်မှ စစ်ကြောင်း ထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို KNDF နှင့် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့မှခုခံတိုက်ခိုက်ခဲ့ကြောင်း၊ ၄နာရီကြာတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၀ဦးသေဆုံးကြောင်း ဖော်ပြသည်။

တိုက်ပွဲ၌ အထိနာသည့် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

ဖယ်ခုံတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ (၁၂၀)မမ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ဖယ်ခုံမြို့အတွင်း နေအိမ်များပျက်စီးခဲ့ကြောင်း KNDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ဆီဆိုင်ဘက်မှ လွိုင်ကော်မြို့ဘက်သို့ အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်ကို လွိုင်လင်လေး ဒေသအနီး၌ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ သံချပ်ကာကားများနှင့် တင့်ကားများ ပါဝင်သော စစ်ယာဉ် တန်းကို KNDF မှ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ စစ်ကားသုံး စီးပျက်စီးခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

ယမန်နေ့ကလည်း လွိုင်ကော်မြို့နယ် ကယန်းသာယာ ကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို KNDF နှင့် PDF (လွိုင်ကော်) တိုက်ခိုက်ခဲ့ရာ နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြင့်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ် ဘက်မှ အထိနာသဖြင့် လေကြောင်းပစ်ကူဖြင့် လာရောက်တိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook