Connect with us

Hi, what are you looking for?

News

စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကို ရှုတ်ချတဲ့အဆို ရန်ကုန်တိုင်းလွှတ်တော်သို့တင်သွင်း

ရန်ကုန်တိုင်းလွှတ်တော်ရဲ့ ဒုတိယပုံမှန်အစည်းအဝေးကို ဒီနေ့ ဇူလိုင် ၅ မှာ အွန်လိုင်းကနေပြုလုပ်ခဲ့ပြီး အာဏာ သိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီလက်ချက်နဲ့ ကျဆုံးသွားရတဲ့ ဒီမိုကရေစီသူရဲကောင်းတွေအတွက် လွှတ်တော်က ဝမ်းနည်း ကြောင်းလည်း မှတ်တမ်းတင်ခဲ့ပါတယ်။

စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချတဲ့အဆိုတစ်ရပ်ကို ဒီကနေ့ကျင်းပတဲ့ ရန်ကုန် တိုင်းလွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့ပါတယ်။

ဒ့ါအပြင် အကြမ်းဖက်စစ်ကောင်စီလက်ချက်ကြောင့် ကျဆုံးသွားရသူတွေ၊ နွေဦးတော်လှန်ရေးမှာ ပါဝင်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေနဲ့ ထိခိုက်နစ်နာသူတွေကို အားပေးကူညီဆောင်ရွက်ခြင်းနဲ့ပတ်သက်တဲ့အစီရင်ခံစာတစ်ရပ်ကို ရန်ကုန်တိုင်း လွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။

ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံ့ဝန်ထမ်း ကောင်း အရာထမ်း၊ အမှုထမ်းတွေရဲ့ ပြည်သူ့အာဏာဖီဆန်မှုလုပ်ငန်း CDM အတွက် ကူညီဆောင်ရွက်ပေးမှု အစီရင်ခံစာနဲ့ ရန်ကုန် တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH) ကဆောင်ရွက်ခဲ့တဲ့ တောင်းဆိုချက် ၊ ထုတ်ပြန်ချက်များနဲ့ ပတ်သက်တဲ့အစီရင်ခံစာ တို့ကို အတည်ပြုမှတ်တမ်းတင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။