စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချတဲ့အဆိုတစ်ရပ်ကို ဒီကနေ့ကျင်းပတဲ့ ရန်ကုန် တိုင်းလွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့ပါတယ်။
ဒ့ါအပြင် အကြမ်းဖက်စစ်ကောင်စီလက်ချက်ကြောင့် ကျဆုံးသွားရသူတွေ၊ နွေဦးတော်လှန်ရေးမှာ ပါဝင်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေနဲ့ ထိခိုက်နစ်နာသူတွေကို အားပေးကူညီဆောင်ရွက်ခြင်းနဲ့ပတ်သက်တဲ့အစီရင်ခံစာတစ်ရပ်ကို ရန်ကုန်တိုင်း လွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။
ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံ့ဝန်ထမ်း ကောင်း အရာထမ်း၊ အမှုထမ်းတွေရဲ့ ပြည်သူ့အာဏာဖီဆန်မှုလုပ်ငန်း CDM အတွက် ကူညီဆောင်ရွက်ပေးမှု အစီရင်ခံစာနဲ့ ရန်ကုန် တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH) ကဆောင်ရွက်ခဲ့တဲ့ တောင်းဆိုချက် ၊ ထုတ်ပြန်ချက်များနဲ့ ပတ်သက်တဲ့အစီရင်ခံစာ တို့ကို အတည်ပြုမှတ်တမ်းတင်ခဲ့ပါတယ်။
