Connect with us

Hi, what are you looking for?

News

မုံရွာတွင်စစ်တပ်ထုတ်ကုန်များ​ရောင်းချ​သောဆိုင်နှင့်ကုမ္ပဏီများ​တွေ့လျှင်သတင်း​ပေးကြရန် ​မေတ္တာရပ်ခံ

မုံရွာမြို့နယ်အတွင်း စစ်တပ်ထုတ်ကုန်များရောင်းချနေသည့် စတိုးဆိုင်များ၊ စားသောက်ဆိုင်များလက်လီလက်ကားဖြန့်ဖြူးနေသည့် ကုမ္ပဏီများအားတွေ့ရှိပါကသတင်းပေး အကြောင်းကြားပေးရန် မုံရွာလူထုသပိတ်ကော်မတီက မေတ္တာရပ်ခံသည်။

မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် ကြေညာချက် အမှတ် ( ၁/၁/၂၀၂၂ ) အား ထုတ်ပြန်၍ ဦးပိုင်ကုမ္မဏီ နှင့် ထုတ်ကုန်ပစ္စည်းများအား ရောင်းဝယ်ဖောက်ကားခြင်း မပြုရန်နှင့် ဆက်လက်၍ ရောင်းဝယ်ဖောက်ကားခြင်း ပြုလုပ်ပါက ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍သိမ်းဆည်း ဖျက်ဆီးခြင်း၊ ငွေဒဏ်ချမှတ်ခြင်းတို့ဖြင့်အရေးယူသွားမည်ဟု အသိပေးကြေညာပြီး ဖြစ်ကြောင်း၊ စစ်တပ်ပိုင်ထုတ်ကုန်များအား ဆက်လက် ရောင်းဝယ်ဖောက်ကားခြင်းအားဖြင့် လူမဆန်သော အကြမ်းဖက်မှုများအား အလိုတူ၊ အလိုပါ ဆက်လက်ခွင့်ပြုပေးနေခြင်းပင်ဖြစ်ပါသောကြောင့်ဖေဖော်ဝါရီ (၁) ရက်နေ့ နောက်ပိုင်းမှ စတင်၍ စစ်တပ်ပိုင် ထုတ်ကုန်များ ဆက်လက် ရောင်းချလျက် ရှိနေသော စတိုးဆိုင်များ၊ စားသောက်ဆိုင်များ တွေ့ရှိပါက အကြောင်းကြား ပေးပို့သွားပါရန် မုံရွာလူထု သပိတ်ဦးဆောင်ကော်မတီက မေတ္တာရပ်ခံသည်။

စစ်တပ်ထုတ်ကုန်များ ဆက်လက်ရောင်းချလျက်ရှိသော စတိုးဆိုင်များ၊ စားသောက်ဆိုင်များအနေဖြင့် လက်ကျန်ကုန်ပစ္စည်းများကို ဖေဖော်ဝါရီလ (၁၅) ရက်နေ့ နောက်ဆုံးထား၍ ရှင်းလင်းထားရှိကြပါရန်နှင့် ဖေဖော်ဝါရီလ (၁၆) ရက်မှစ၍ ရရှိလာသော အချက်အလက်များအား စိစစ်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများအား ပေးပို့ကာ တရားဥပဒေစိုးမိုးမှုကို အလေးထားကာ မှန်ကန် ထိရောက်သော အရေးယူမှုများကိုစနစ်တကျလုပ်ဆောင်သွားရန်တွန်းအား​ပေးသွားမည်ဖြစ်ကြောင်းမုံရွာလူထုသပိတ်ကော်မတီကအသိပေးသည်။

သို့ဖြစ်ပါ၍ စတိုးဆိုင်၊ စားသောက်ဆိုင်များ၏ အကျိုးစီးပွားကို ရှေုးရှု၍ စစ်တပ်ထုတ်ကုန်များ ရောင်းဝယ်၊ ဖောက်ကားခြင်းကို လုံးဝ(လုံးဝ) မပြုလုပ်ကြပါရန်နှင့် သတင်း အချက်အလက်များအား မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီ Facebook Page Message Box တွင် လာရောက် သတင်းပေး အကြောင်းကြားနိုင်ပါကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မြန်မာစစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်တဲ့ နိုင်ငံတကာကုမ္ပဏီပေါင်းတွေ စာရင်းထဲမှာ နောက်ထပ် ၅၃ ခုကို Burma Campaign UKက ထပ်မံဖြည့်တင်းလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။