Connect with us

Hi, what are you looking for?

News

မီးရှို့သက်သေပြီးဆန္ဒပြသည့် ကိုအောင်အောင် အပါအဝင် ပြည်သူများ၏ ထိခိုက်နစ်နာရမှုများ အချည်းနှီး မဖြစ်စေရန် အစွမ်းကုန် ကြိုးပမ်းမည်ဟု NUG ကတိပြု

နိုင်ငံတကာအဝန်းအဝိုင်းအနေဖြင့်လဲ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူလူထုတစ်ရပ်လုံး၏ အသက်အိုးအိမ် စည်းစိမ်များကို နှောက်ယှက်ဖျက်ဆီးလျက်ရှိသော အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်များ အမြန် ရပ်တန့်သွားနိုင်ရေး ထိရောက်သော လုပ်ဆောင်မှုများဖြင့် အမြန်ဆုံးအကောင်အထည်ဖော်ကြရန် တိုက်တွန်းနှိုးဆော်ကြောင်း ထုတ်ပြန်ခဲ့သည်။

အကမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးနောက် မိမိကိုယ်မိမိ မီးရှို့ဆန္ဒပြခြင်းအပါအဝင် ပြည်သူလူထု၏စွန့်လွှတ်အနစ်နာခံမှုများ၊ ပျက်စီးဆုံးရှုံးရမှုများစွာ ရှိခဲ့သည့် အပေါ်လွန်စွာကြေကွဲဝမ်းနည်းရပြီး အဆိုပါ ရင်းနှီးပေးဆပ်ရမှုများအားလုံးကို အချည်းနှီးမဖြစ်စေရဘဲ စစ်အာဏာရှင် စနစ် အပြီးတိုင် ဖယ်ရှားနိုင်ရေး အစွမ်းကုန် ကြိုးပမ်းမည်ဟု အမျိုးသားညီညွတ်ရေး အစိုးရက ယနေ့ ထုတ်ပြန်သည်။

ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုဘဝများအားလုံးကို ချွတ်ခြုံကျပျက်စီးစေသော၊ ပြည်သူလူထုတစ်ရပ်လုံး၏ လုံခြုံငြိမ်းချမ်းမှုကို ထိပါးနှောက်ယှက်နေသော စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှ အပြီးတိုင်ဖယ်ရှား၍ နောင်အနာဂတ်တွင်လဲ မည်သည့်အခါမှ ပြန်လည်ခေါင်းထောင်မထလာစေရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း လေးနက်စွာကတိပြုသည်ဟု ဖော်ပြထားသည်။

ကျောက်ပန်းတောင်း မြို့နယ် ပြည်တော်သာရပ်ကွက်နေ ကိုအောင်မြင့်မြတ်(ခ)ကိုအောင်အောင်သည် အကြမ်း မဖက် အာဏာဖီဆန်ရေး နည်းလမ်းများထဲမှ အဆုံးစွန်ဆုံးနည်လမ်းကို ရွေးချယ်ကာ အကြမ်းဖက် စစ်ကောင် စီအား မိမိကိုယ်ကို မီးရှို့၍ ဆန့်ကျင်ဆန္ဒပြပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကျဆုံးခဲ့ရသည်ဟု ဆိုသည်။

မိမိကိုယ်မိမိ မီးရှို့ဆန္ဒပြသည့် ဖြစ်ရပ်အပါအဝင် ပြည်သူလူထုတစ်ရပ်လုံး၏ နည်းလမ်းပေါင်းစုံဖြင့် ဆန္ဒဖော် ထုတ်မှုများ နေ့စဉ်မပြတ် ရှိနေသော်ငြားလည်း အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူ့ဆန္ဒကို လျှစ်လျှူရှုမြဲရှုကာ ၎င်းတို့အာဏာတည်မြဲရေးအတွက် အကြမ်းဖက်လုပ်ရပ် များကို ဆက်လက်ကျူးလွန်လျက်ရှိ ကြောင်း ၊ အာဏာ လုယူပြီး တစ်နှစ်တာကာလအတွင်း ပြည်သူ (၁၅၁၀) ဦးကျဆုံးခဲ့ရပြီး အသက်မပြည့်သောကလေးသူငယ် (၁၆) ဦးအပါအဝင်အရပ်သားပြည်သူ ၁၈၄ ဦးမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရကြောင်း NUGက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မြို့ရွာများ မီးရှို့ခံရမှု (၂၄၉)ကြိမ်ရှိခဲ့ပြီး ပြည်သူလူထု၏ အိမ်ခြေပေါင်း(၁၂၀၀)ခန့်နှင့် ပိုင်ဆိုင်မှုများစွာ ပျက်ဆီးဆုံးရှုံးခဲ့ရကြောင်း၊ အဆိုပါ ကိန်းဂဏန်းများသည် ယခုအချိန်အထိ ရပ်တန့်မှုမရှိပဲ အကြမ်းဖက် စစ်အုပ်စုသည် အရပ်သားပြည်သူ များအား သတ်ဖြတ်မှု၊ မြို့ရွာအိုးအိမ်များအား မီးရှို့ဖျက်ဆီးမှု တို့ကို နေ့စဉ်ရက်ဆက် ကျူးလွန်လျက်ရှိကြောင်း ဖော်ပြသည်။

အဆိုပါ ဖြစ်ရပ်များသည် အကြမ်းဖက်စစ်အုပ်စု၏ အာဏာရယူလိုမှုဇောတစ်ခုတည်းကို ရှေ့တန်းတင်ကာ အဆင်အခြင်မဲ့ မတရားအာဏာလုယူမှုအောက်တွင် မြန်မာ ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုဘဝအသီးသီးမှာ အစစအရာရာ ချွတ်ခြုံကျ၍ မလုံခြုံမငြိမ်းချမ်းသော ဘဝသို့ ရောက်ရှိနေသည့် အခြေအနေကို ထင်ထင်ရှားရှား မီးမောင်းထိုးပြလျက်ရှိသည်ဟုဆိုသည်။

နိုင်ငံတကာအဝန်းအဝိုင်းအနေဖြင့်လဲ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူလူထုတစ်ရပ်လုံး၏ အသက်အိုးအိမ် စည်းစိမ်များကို နှောက်ယှက်ဖျက်ဆီးလျက်ရှိသော အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်များ အမြန် ရပ်တန့်သွားနိုင်ရေး ထိရောက်သော လုပ်ဆောင်မှုများဖြင့် အမြန်ဆုံးအကောင်အထည်ဖော်ကြရန် တိုက်တွန်းနှိုးဆော်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ မကွေးတိုင်း၊ ချောက်မြို့နယ်က ပခန်းငယ်(ခ)ပုဂံငယ် ကျေးရွာကို စစ်တပ်က ၀င်ရောက်မီးရှို့ ဖျက်ဆီးနေတယ်လို့ မ‌ကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(မကွေးတိုင်း ပကဖ)က ထုတ်ပြန်ပါတယ်။