Connect with us

Hi, what are you looking for?

News

မြန်မာ့ဒီမိုကရေစီအရေးအတွက် အရပ်ဘက်တက်ကြွလှုပ်ရှားသူများကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ

လွန်ခဲ့သည့် တစ်နှစ်အာဏာသိမ်းချိန်ကစ၍ မြန်မာစစ်တပ်ကျူးလွန်သော လူမဆန်သည့်အကြမ်းဖက်မှုများကို ရင်ဆိုင်ကာ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး ကြိုးပမ်းနေသူ တက်ကြွလှုပ်ရှားသူများအား အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဖေဖော်ဝါရီ ၃ ရက်တွင် အွန်လိုင်းမှတွေ့ဆုံဆွေးနွေးခဲ့သည်။

ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး ဆက်လက်လုပ်ဆောင်သွားမည်ထပ်လောင်း ကတိပြု

မြန်မာပြည်သူများနှင့်အတူရပ်တည်ကာ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး ဆက်လက်လုပ်ဆောင်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ထပ်လောင်း ကတိပြုသည်။

လွန်ခဲ့သည့် တစ်နှစ်အာဏာသိမ်းချိန်ကစ၍ မြန်မာစစ်တပ်ကျူးလွန်သော လူမဆန်သည့်အကြမ်းဖက်မှုများကို ရင်ဆိုင်ကာ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး ကြိုးပမ်းနေသူ တက်ကြွလှုပ်ရှားသူများအား အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဖေဖော်ဝါရီ ၃ ရက်တွင် အွန်လိုင်းမှတွေ့ဆုံဆွေးနွေးခဲ့သည်။

“လူ့အခွင့်အရေးကာကွယ်ဖို့၊ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့၊ အားလုံးပါဝင်ပြီး ဒီမိုကရေစီမြှင့်တင်ရေးကိုယ်စားလှယ်တွေကို ကူညီထောက်ပံ့ဖို့ မြန်မာပြည်သူတွေအတွက် ဆက် လက်အလုပ်လုပ်မယ်ဆိုတာ နိုင်ငံခြားရေးဝန်ကြီးက ထပ်မံ ကတိပြုခဲ့ပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ကျူးလွန်မှုများအဆုံးသတ်နိုင်ရေး၊ မတရားဖမ်းဆီးခံရသူအားလုံး ပြန်လွှတ်ပေးရေးနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးတို့အတွက် စစ် ကောင်စီကို ဖိအားပေးရန် ပစ်မှတ်ထားဒဏ်ခတ်အရေးယူခြင်းအပါအဝင် မြန်မာ့အကျပ်အတည်း ဖြေရှင်းနိုင်ရေး အမေရိကန်အစိုးရ၏ သံတမန်ရေးနှင့် စီးပွားရေးလုပ်ဆောင်မှုများကို မြန်မာတက်ကြွလှုပ်ရှားသူများအား ဝန်ကြီးဘလင်ကန်က ရှင်းပြခဲ့သည်ဟု ဆိုသည်။

ထို့အပြင် မြန်မာစစ်တပ်ဟာ ရက်စက်ကြမ်းကြုတ်မှုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက မှတ်သားထားပြီး အဆိုပါတာဝန်ရှိသူများကို တာဝန်ခံမှုရှိစေရန် အရေးတကြီးလုပ်ဆောင်ရမည်ဟု အလေးပေးပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။