Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

Cobra Gold စစ်ဆင်ရေးမှာ လေ့လာသူအဖြစ် မြန်မာကို ထိုင်းမဖိတ်တော့

ထိုင်းစစ်တပ်ရဲ့ ဗိုလ်ချုပ် တစ်ဦးက မြန်မာ အပါအဝင် အရင်က လေ့လာသူအဖြစ် ဖိတ်ကြားခံရတဲ့ ၁၀ နိုင်ငံကို ၄၁ ကြိမ်မြောက် Cobra Gold စစ်ရေးလေ့ကျင့်မှု အစီအစဉ်အတွက် ဖိတ်ကြားတော့မှာ မဟုတ်ကြောင်း ဖေဖော်ဝါရီ ၄ ရက်က ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ပြုလုပ်မယ့် Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ မြန်မာကို တက်ရောက် လေ့လာဖို့ ဖိတ်ကြားတော့မှာ မဟုတ်ကြောင်း ထိုင်းစစ်တပ်က အတည်ပြုခဲ့ပါတယ်။

ထိုင်းစစ်တပ်ရဲ့ ဗိုလ်ချုပ် တစ်ဦးက မြန်မာ အပါအဝင် အရင်က လေ့လာသူအဖြစ် ဖိတ်ကြားခံရတဲ့ ၁၀ နိုင်ငံကို ၄၁ ကြိမ်မြောက် Cobra Gold စစ်ရေးလေ့ကျင့်မှု အစီအစဉ်အတွက် ဖိတ်ကြားတော့မှာ မဟုတ်ကြောင်း ဖေဖော်ဝါရီ ၄ ရက်က ပြောကြားခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ကပ်ရောဂါ ကူးစက်မှု အခြေအနေတွေကြောင့် ချမှတ်ခဲ့တာလို့ ထိုင်းလက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ပူးပေါင်းစစ်ဆင်ရေး အကြီးအကဲ ဗိုလ်ချုပ် ချစ်ချာနွတ်ခ် နွတ်ဂျာယာက အကြောင်းပြခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ သက်တမ်း အရှည်ဆုံး ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေထဲက တစ်ခုဖြစ်တဲ့ Cobra Goldရဲ့ ၄၁ ကြိမ်မြောက် အစီအစဉ်ကို ထိုင်းပင်လယ်ကွေ့နားမှာ ဖေဖော်ဝါရီ ၂၀ ကနေ မတ်လ ၄ ရက်ထိ ပြုလုပ်သွားမှာပါ။

ဒီနှစ် စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို အရင်ကထက် အကျဉ်းချုံ့ထားမယ်လို့ အမေရိကန်နဲ့ ထိုင်း စစ်ဘက် တာဝန်ရှိသူတွေက ပူးတွဲ ကြေညာခဲ့ပါတယ်။ နှစ်စဉ် ပြုလုပ်တဲ့ လေ့ကျင့်မှုဟာ စစ်ဆင်ရေး ကဏ္ဍရော၊ လူသားချင်း စာနာကူညီမှုဆိုင်ရာ ကဏ္ဍတွေပါ ရောနှော ပါဝင်နေပါတယ်။

Public Service Announcement

Public Service Announcement

ဒီနှစ် စစ်ရေးလေ့ကျင့်မှုမှာ ထိုင်းနဲ့ အမေရိကန် အပါအဝင် ၇ နိုင်ငံက စစ်သည်တွေ ပူးပေါင်းလေ့ကျင့်ပြီး တရုတ်၊ အိန္ဒိယ၊ ဩစတြေးလျတို့ အပါအဝင် ၁၃ နိုင်ငံက လေ့လာသူတွေကို ဖိတ်ကြားသွားမယ်လို့ သိရပါတယ်။ ပုံမှန်ဆိုရင်တော့ လေ့ကျင့်မှုမှာ ၁၀ နိုင်ငံလောက် ပါဝင်လေ့ ရှိပေမယ့် ဒီနှစ်မှာတော့ ကိုဗစ် ကပ်ရောဂါ ဂယက်ကြောင့် လေ့ကျင့်ရေး အပိုင်းမှာ ပါဝင်မယ့်နိုင်ငံ အရေအတွက် လျော့သွားကြောင်း ဗိုလ်ချုပ် ချစ်ချာနွတ်ခ်က ပြောပါတယ်။

အရင်နှစ်တွေတုန်းက မြန်မာစစ်တပ်ရဲ့ လေ့လာ စောင့်ကြည့်သူတွေကို စေလွှတ်လေ့ ရှိပေမယ့် ဒီနှစ်မှာတော့ ဖိတ်ကြား မထားတော့ကြောင်းလည်း သူက အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ စစ်ရေးလေ့ကျင့်မှုမှာ လေ့လာသူအဖြစ် မြန်မာ တက်ရောက်ခွင့် မရတာဟာ စစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့ တိုက်ရိုက် ပတ်သက်တယ် ဆိုတာမျိုးတော့ အမေရိကန်ရော၊ ထိုင်းကပါ မပြောခဲ့ပါဘူး။

၂၀၂၀ ပြည့်နှစ်တုန်းက တစ်ကမ္ဘာလုံးကို ကိုဗစ် ကပ်ရောဂါ စတင် ပျံ့နှံ့နေတဲ့ အချိန်မှာတောင် ဒီစစ်ရေးလေ့ကျင့်မှုမှာ လေ့လာသူအဖြစ် တက်ရောက်ဖို့ မြန်မာနိုင်ငံ ဖိတ်ကြား ခံခဲ့ရဖူးပါတယ်။ အဲဒီတုန်းက နိုင်ငံပေါင်း ၂၉ ခုဟာ နှစ်ပတ်ကြာ စစ်ရေး လေ့ကျင့်မှုတွေမှာ စစ်သည် ၁၀၀၀၀ လောက်ကို ပါဝင် လေ့ကျင့်စေခဲ့ပြီး Cobra Goldရဲ့ အကြီးမားဆုံး အင်အား စုဝေးမှု အနေနဲ့ မှတ်တမ်း တင်ခဲ့ဖူးပါတယ်။

ဒီနှစ်မှာတော့ ကျည်အစစ်တွေ သရုပ်ပြ ပစ်ခတ်တာတွေ၊ ကမ်းတက် စစ်ဆင်ရေး လေ့ကျင့်တာတွေ၊ သဘာဝ ဘေးအန္တရာယ် ကျရောက်နေချိန်အတွင်း အရေးပေါ် ကူညီ ရွှေ့ပြောင်းတာတွေ ပါဝင်တော့မှာ မဟုတ်ဘူးလို့ ချစ်ချာနွတ်ခ်က ဆိုပါတယ်။ စုစုပေါင်း စစ်သည် အရေအတွက်ကလည်း ၃၅၀၀ အောက်သာ ရှိမှာ ဖြစ်သလို လေ့ကျင့်ရေး အစီအစဉ် တစ်ခုစီတိုင်းဟာ စစ်သည်ဦးရေ ၅၀၀ ထက် ပိုမှာ မဟုတ်ကြောင်း သိရပါတယ်။

နောက်ပြီး စစ်သည်တွေဟာ ၇ ရက် Quarantine ဝင်တာမျိုး၊ ၂ ကြိမ် ဆေးစစ်မှု ခံယူတာမျိုး အဆင့်တွေကို ဖြတ်သန်းရမှာပါ။ ဒီနှစ် စစ်ရေးလေ့ကျင့်မှုမှာ ထိုင်းက စစ်သည် ၁၉၀၀ ကျော်နဲ့ အမေရိကန်က ၁၃၀၀ နီးပါး ပါဝင်ကြမယ်လို့လည်း ချစ်ချာနွတ်ခ်က ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူ့နုတ်ထွက်မှုဟာ ဒုတိယ ဝန်ကြီးချုပ် ရာထူးအတွက် တခြားတစ်ဦးကို ခန့်အပ်နိုင်ဖို့ လမ်းဖွင့်ပေးတဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။

နိုင်ငံတကာ

မနှစ်တုန်းက ကမ္ဘာတလွှားမှာ အပူဒဏ်ပိမှုဟာ စံချိန်တင် အဆင့်ထိ မြင့်တက်လာပြီး ကုလသမဂ္ဂက အာရှရဲ့ အပူချိန်ဟာ ကြောက်ခမန်းလိလိ မြန်နှုန်းမျိုးနဲ့ မြင့်တက်လာနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...