Connect with us

Hi, what are you looking for?

News

ရှေ့တန်းမှစစ်သားများ အားတက်စေရန် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ပြနေဟု KNU တပ်မဟာ(၅) တပ်မဟာမှူး သုံးသပ်

KNUတပ်မဟ(၅)၏ မူတြော်(ဖာပွန်)ခရိုင် အတွင်းသို့ ဖေဖော်ဝါရီ ၅ရက် နံနက်အစောပိုင်းက စစ်ကောင်စီတပ်က လေယာဉ် နှစ်စီးဖြင့် ဗုံးလာကြဲ၍ အသက် ၆၀ခန့်ရှိသည့် ဇနီးမောင်နှံ နှစ်ဦးသေဆုံးကာ ကလေးငယ်အပါအဝင် ​ခြောက်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

စစ်ရေးလှုပ်ရှားမှု အခက်အခဲများ ဖြစ်နေခြင်းနှင့် အကြမ်းဖက် စစ်ကောင်စီတပ်က ၎င်းတို့၏ရှေ့တန်းစစ်မြေပြင်မှ စစ်သားများ အားတက်စေရန်အတွက် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောမူဟဲက သုံးသပ်ပြောကြားကြောင်း မူတြော်ခရိုင် သတင်းစဉ်က ယမန်နေ့ ညပိုင်း၌ ထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီတပ်မှ ၎င်းတို့ ရှေ့တန်းတပ်စခန်းများသို့ စားနပ်ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းများ လာရောက်ပို့ဆောင်ရန် အခက်ခဲရှိခြင်းကြောင့် လေ ကြောင်း တိုက်ခိုက်မှုလုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း ဗိုလ်မှူးချုပ်စောမူဟဲက ပြောကြားသည်။

KNUတပ်မဟ(၅)၏ မူတြော်(ဖာပွန်)ခရိုင် အတွင်းသို့ ဖေဖော်ဝါရီ ၅ရက် နံနက်အစောပိုင်းက စစ်ကောင်စီတပ်က လေယာဉ် နှစ်စီးဖြင့် ဗုံးလာကြဲ၍ အသက် ၆၀ခန့်ရှိသည့် ဇနီးမောင်နှံ နှစ်ဦးသေဆုံးကာ ကလေးငယ်အပါအဝင် ​ခြောက်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ဖေဖော်ဝါရီ ၅ရက် နံနက် ၁နာရီတွင် အကြမ်းဖက် စစ်ကေင်စီတပ်မှ တိုက်လေယာဉ် နှစ်စီးဖြင့် ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ် မထောရွာ အုပ်စုရှိ တဒွီးခိုကျေးရွာအတွင်း ဗုံးနှစ်လုံး လာကြဲခဲ့ရာ နေအိမ်များလည်း ပျက်စီးခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ဇန်နဝါရီအတွင်းကလည်း KNU တပ်မဟာ(၅)နယ်မြေသို့ ညသန်းခေါင်အချိန် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့၍ အရပ်သား ထိခိုက်သေဆုံးမှုရှိခဲ့သည်။

KNU တပ်မဟာ(၅)အနေဖြင့် ၎င်းတို့ နယ်မြေအတွင်း၌ စစ်ကောင်စီတပ်များကို နေ့စဉ်လိုလို တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားနေသည်။ ထိုအခြေအနေတွင် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။