Connect with us

Hi, what are you looking for?

News

စစ်တပ်ဆက်နွယ်ကုမ္ပဏီများ ဒေါ်လာသန်းချီ စစ်လက်နက်များနှင့် စက်ပစ္စည်းများဝယ်ယူခဲ့ကြောင်း လျှို့ဝှက်ပေါက်ကြား

ထို့အပြင် မြန်မာလက်နက်ပွဲစားများသည် မြန်မာစစ်တပ်နှင့် နိုင်ငံတကာလက်နက်ရောင်းချသူများကြား ငွေပေးချေမှု အဆင်ပြေစေရန် စင်ကာပူနိုင်ငံကို အမြဲတမ်းအသုံးပြုခဲ့ကြောင်း Justice for Myanmar က ထုတ်ပြန်သည်။

▪️အကြမ်းဖက်စစ်ကောင်စီထံ စစ်လက်နက်စီးဆင်းမှုများရပ်တန့်ရန် ကမ္ဘာလုံးဆိုင်ရာစစ်လက်နက် ရောင်းချမှုပိတ်ပင်ရေးကို ချက်ချင်းလက်ငင်း လုပ်ဆောင်ရန် JFM တောင်းဆို

စစ်တပ်ဆက်နွယ်ကုမ္ပဏီများမှ ဒေါ်လာသန်းချီစစ်လက်နက်များနှင့် စက်ပစ္စည်းများ ဝယ်ယူခဲ့ကြောင်း လျှို့ဝှက်ပေါက်ကြားစာရွက်စာတမ်းများက ဖော်ပြနေသည်ဟု Justice For Myanmar က ယနေ့ (ဖေဖော်ဝါရီ ၇ ရက်)ထုတ်ပြန်သည်။

လျှို့ဝှက်ပေါက်ကြားလာသော စာရွက်စာတမ်းများနှင့် ကုန်ပစ္စည်းတင်ပို့မှုမှတ်တမ်းများအရ မြန်မာ စစ်တပ်အတွက် အမေရိကန်ဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိ စစ်လက်နက်များနှင့် စစ်ဘက်ပစ္စည်း ဝယ်ယူမှုများစွာတွင် International Gateways Group of Companies Limited (IGG)၊ Myanmar Consultancy Company Limited နှင့် Myanmar New Era Trading Company တို့၏ ပါဝင်မှု သက်သေအထောက်အထားများ ဖော်ပြထားသည်။

“ကမ္ဘာတဝှမ်းက အစိုးရတွေအနေနဲ့ မြန်မာစစ်တပ်ကို စစ်လက်နက်ကူပေးနေပြီး မြန်မာပြည်သူတွေ အပေါ် ဆက်လက်တိုက်ခိုက်မှုတွေမှာ ကြံရာပါပတ်သက်နေတဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ အရေးတကြီးလုပ်ဆောင်ဖို့ Justice For Myanmar က တောင်းဆိုပါတယ်” ဟု Justice for Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

Public Service Announcement

Public Service Announcement

မကြာသေးမီက အမျိုးသားညီညွတ်ရေးအစိုးရ NUG စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော အကြမ်းဖက်စစ်အုပ်စုအား စစ်လက်နက်များဝယ်ယူ ရရှိနိုင် စေရန် ပံ့ပိုးနေသော လုပ်ငန်းကုမ္ပဏီများစာရင်းတွင် IGG ပါဝင်ခဲ့ပြီး IGG ဒါရိုက်တာ ဒေါက်တာနိုင်ထွဋ်အောင်သည် လက်ရှိကာကွယ်ရေးဦးစီးချုပ်၊ စစ်ရာဇဝတ်ကောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်ပိုင်းစစ်ခေါင်းဆောင်များနှင့် ဆက်နွယ်မှုရှိသည်ဟုဆိုသည်။

ထို့အပြင် မြန်မာလက်နက်ပွဲစားများသည် မြန်မာစစ်တပ်နှင့် နိုင်ငံတကာလက်နက်ရောင်းချသူများကြား ငွေပေးချေမှု အဆင်ပြေစေရန် စင်ကာပူနိုင်ငံကို အမြဲတမ်းအသုံးပြုခဲ့ကြောင်း Justice for Myanmar က ထုတ်ပြန်သည်။

“မြန်မာစစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေမှာ အားပေးအားမြှောက်ဖို့အတွက် စင်ကာပူဟာ နာမည်ကြီး လက်နက်ပွဲစားတွေကို သူ့နိုင်ငံမှာအသုံးချခွင့်ပေးထားတာပါ၊ စင်ကာပူအနေနဲ့ မြန်မာစစ်တပ်ဝယ်ယူမှု တွေအတွက် အခရာကျတဲ့ သူ့ရဲ့ အခန်းကဏ္ဍကနေ မဖြစ်မနေရပ်တန့်ပါ” ဟု မရတနာမောင်က တိုက်တွန်းသည်။

အကြမ်းဖက်စစ်ကောင်စီထံ စစ်လက်နက်စီးဆင်းမှုများရပ်တန့်ရန် ကမ္ဘာလုံးဆိုင်ရာစစ်လက်နက် ရောင်းချမှုပိတ်ပင်ရေးကို ချက်ချင်းလက်ငင်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း Justice for Myanmar က ထပ်မံတောင်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။