Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်တပ်ဆက်နွယ်ကုမ္ပဏီများ ဒေါ်လာသန်းချီ စစ်လက်နက်များနှင့် စက်ပစ္စည်းများဝယ်ယူခဲ့ကြောင်း လျှို့ဝှက်ပေါက်ကြား

ထို့အပြင် မြန်မာလက်နက်ပွဲစားများသည် မြန်မာစစ်တပ်နှင့် နိုင်ငံတကာလက်နက်ရောင်းချသူများကြား ငွေပေးချေမှု အဆင်ပြေစေရန် စင်ကာပူနိုင်ငံကို အမြဲတမ်းအသုံးပြုခဲ့ကြောင်း Justice for Myanmar က ထုတ်ပြန်သည်။

▪️အကြမ်းဖက်စစ်ကောင်စီထံ စစ်လက်နက်စီးဆင်းမှုများရပ်တန့်ရန် ကမ္ဘာလုံးဆိုင်ရာစစ်လက်နက် ရောင်းချမှုပိတ်ပင်ရေးကို ချက်ချင်းလက်ငင်း လုပ်ဆောင်ရန် JFM တောင်းဆို

စစ်တပ်ဆက်နွယ်ကုမ္ပဏီများမှ ဒေါ်လာသန်းချီစစ်လက်နက်များနှင့် စက်ပစ္စည်းများ ဝယ်ယူခဲ့ကြောင်း လျှို့ဝှက်ပေါက်ကြားစာရွက်စာတမ်းများက ဖော်ပြနေသည်ဟု Justice For Myanmar က ယနေ့ (ဖေဖော်ဝါရီ ၇ ရက်)ထုတ်ပြန်သည်။

လျှို့ဝှက်ပေါက်ကြားလာသော စာရွက်စာတမ်းများနှင့် ကုန်ပစ္စည်းတင်ပို့မှုမှတ်တမ်းများအရ မြန်မာ စစ်တပ်အတွက် အမေရိကန်ဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိ စစ်လက်နက်များနှင့် စစ်ဘက်ပစ္စည်း ဝယ်ယူမှုများစွာတွင် International Gateways Group of Companies Limited (IGG)၊ Myanmar Consultancy Company Limited နှင့် Myanmar New Era Trading Company တို့၏ ပါဝင်မှု သက်သေအထောက်အထားများ ဖော်ပြထားသည်။

“ကမ္ဘာတဝှမ်းက အစိုးရတွေအနေနဲ့ မြန်မာစစ်တပ်ကို စစ်လက်နက်ကူပေးနေပြီး မြန်မာပြည်သူတွေ အပေါ် ဆက်လက်တိုက်ခိုက်မှုတွေမှာ ကြံရာပါပတ်သက်နေတဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ အရေးတကြီးလုပ်ဆောင်ဖို့ Justice For Myanmar က တောင်းဆိုပါတယ်” ဟု Justice for Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

Public Service Announcement

Public Service Announcement

မကြာသေးမီက အမျိုးသားညီညွတ်ရေးအစိုးရ NUG စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော အကြမ်းဖက်စစ်အုပ်စုအား စစ်လက်နက်များဝယ်ယူ ရရှိနိုင် စေရန် ပံ့ပိုးနေသော လုပ်ငန်းကုမ္ပဏီများစာရင်းတွင် IGG ပါဝင်ခဲ့ပြီး IGG ဒါရိုက်တာ ဒေါက်တာနိုင်ထွဋ်အောင်သည် လက်ရှိကာကွယ်ရေးဦးစီးချုပ်၊ စစ်ရာဇဝတ်ကောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်ပိုင်းစစ်ခေါင်းဆောင်များနှင့် ဆက်နွယ်မှုရှိသည်ဟုဆိုသည်။

ထို့အပြင် မြန်မာလက်နက်ပွဲစားများသည် မြန်မာစစ်တပ်နှင့် နိုင်ငံတကာလက်နက်ရောင်းချသူများကြား ငွေပေးချေမှု အဆင်ပြေစေရန် စင်ကာပူနိုင်ငံကို အမြဲတမ်းအသုံးပြုခဲ့ကြောင်း Justice for Myanmar က ထုတ်ပြန်သည်။

“မြန်မာစစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေမှာ အားပေးအားမြှောက်ဖို့အတွက် စင်ကာပူဟာ နာမည်ကြီး လက်နက်ပွဲစားတွေကို သူ့နိုင်ငံမှာအသုံးချခွင့်ပေးထားတာပါ၊ စင်ကာပူအနေနဲ့ မြန်မာစစ်တပ်ဝယ်ယူမှု တွေအတွက် အခရာကျတဲ့ သူ့ရဲ့ အခန်းကဏ္ဍကနေ မဖြစ်မနေရပ်တန့်ပါ” ဟု မရတနာမောင်က တိုက်တွန်းသည်။

အကြမ်းဖက်စစ်ကောင်စီထံ စစ်လက်နက်စီးဆင်းမှုများရပ်တန့်ရန် ကမ္ဘာလုံးဆိုင်ရာစစ်လက်နက် ရောင်းချမှုပိတ်ပင်ရေးကို ချက်ချင်းလက်ငင်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း Justice for Myanmar က ထပ်မံတောင်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မြောက်ကိုရီးယား၊ ဘီလားရုစ်နှင့် အီရန်စ​သည့် နိုင်ငံများနှင့်ပတ်သက်​သော သီးခြား အဆိုပြုချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်မှုများ ရှိခဲ့သည်။

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

သတင်း

ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံး PDF နှင့် ပူးပေါင်းအဖွဲ့များမှ မောင်းမကန်ရဲစခန်းအား ၄၀ မမ ခြောက်လုံး၊ ၇၉ ဗုံးသီး ၄၂ လုံးအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။