Connect with us

Hi, what are you looking for?

News

ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာကို ဖန်တီးခွင့်အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ စနစ်ထူထောင်ရန် ကတိပိုင်းဖြတ်ထားဟု NUG ယာယီသမ္မတပြော

NUG အစိုးရအဖွဲ့အစည်းအဝေးကို ယနေ့(ဖေဖော်ဝါရီ ၈ ရက်) နံနက်ပိုင်းတွင် ကျင်းပရာ ယာယီသမ္မတက မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့ကာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများ တက်​ရောက်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန် သည်။

ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာကို ဖန်တီးခွင့်အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို ထူထောင်ရန်ကတိပိုင်းဖြတ်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

NUG အစိုးရအဖွဲ့အစည်းအဝေးကို ယနေ့(ဖေဖော်ဝါရီ ၈ ရက်) နံနက်ပိုင်းတွင် ကျင်းပရာ ယာယီသမ္မတက မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့ကာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများ တက်​ရောက်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန် သည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့သည် အာဏာရှင်စနစ်ကို အပြီးတိုင် တိုက်ဖျက်ပြီး တိုင်းရင်းသားပြည်သူများ လိုလားတောင့်တသည့် ငြိမ်းချမ်းသော၊ လွတ်လပ်မှုကို အာမခံပေးနိုင်သည့် လူ့အဖွဲ့အစည်းတရပ်ကို ဖော်ဆောင်မည်ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

အဆိုပါ မြန်မာနိုင်ငံတော်သစ် တည်ဆောက်ရေးခရီးတွင် အာဏာရှင်ကို ဆန့်ကျင် တော်လှန် နေကြသော အဖွဲ့အစည်းများ၊ တိုင်းရင်းသား လက်နက်ကိုင်များ အားလုံး ညီညီညွတ်ညွတ် အတူလက်တွဲပါဝင်လာနိုင်အောင် NUG အစိုးရ အဖွဲ့ဝင်များအတူဝိုင်းဝန်းကြိုးစားကြရန် ယာယီသမ္မတက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် NUG ၏ ခုခံကာကွယ်စစ်သည်လည်း အတော်လေးခရီးရောက်နေပြီဖြစ်ပြီး မြို့ကြီး တွေသာမက ကျေးလက်များရှိ ပြည်သူလူထု၏ တော်လှန်မှုပုံစံမျိုးစံကလည်း အားမကျသွားဘဲ လူထုက တောင်ခံတွန်းလှန်နေကြဆဲဖြစ်၍ မဝေးတော့သည့် အောင်မြင်မှုအတွက် ရေကုန်ရေခမ်း တိုက်ပွဲဝင်ကြရန် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက တိုက်တွန်းသည်။

တော်လှန်ရေးကြီး အောင်မြင်စွာ အဆုံးသတ်နိုင်ရေး NUG ကအားစိုက်ကြိုးစား နေပြီး ဆက်လက်၍ NUG သည် တော်လှန်ရေးအင်အားစုအသီးသီးနှင့် အတူအတကွ ကြိုးပမ်း ဆောင်ရွက်သွားမည်ကို ယနေ့ အစည်းအဝေးတွင် ထပ်လောင်းကတိပြုကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း ကော်မတီအစည်းအဝေးများစွာ တက်ရောက်ခဲ့ပြီး မူဝါဒဆိုင်ရာ ကိစ္စများကို ဆွေးနွေးစီမံဆောင်ရွက်ခဲ့ကြောင်း မန်းဝင်းခိုင်သန်းက အစိုးရအဖွဲ့အစည်းအဝေး၌ ပြောသည်။

ကြားကာလအုပ်ချုပ်မှု ဖော်ဆောင်နိုင်ရေးအတွက် မြို့နယ်အသစ်များ ဖွဲ့စည်းနိုင်ရန် စီမံဆောင်ရွက်နေပြီး တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးနှင့် ရဲတပ်ဖွဲ့ဖွဲ့စည်းရေး စီမံချက်ကိုလည်း ရေးဆွဲနေကြောင်း ပြည်ထောင်စု ဝန်ကြီးချုပ်က ဆက်ပြောသည်။

ထို့အပြင် ရဲတပ်ဖွဲ့ ဥပဒေကြမ်းကို ပြည်ထဲရေးဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲ နေခြင်း ပြီးစီးပြီ ဟု ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။