Connect with us

Hi, what are you looking for?

News

မန္တလေး စိန်ပန်းရပ်ကို စစ်ကောင်စီတပ်တွေ တစ်အိမ်တက်ဆင်း ဝင်ရောက်ရှာဖွေနေ

စိန်ပန်း၊အောင်ချမ်းသာ ၊ ဇော်မင်း ၊ ပတ္တမြား ရပ်ကွက်တွေမှာ တစ်အိမ်ဝင်တစ်အိမ်ထွက် ဧည့်စာရင်းစစ်တာ ၊ အိမ်တွင်းကိုရှာဖွေတာတွေ လုပ်နေတာလို့ဒေသခံတွေက ဆိုပါတယ်။

ဓာတ်ပုံ − AFP (ပုံဟောင်း)

မန္တလေး ၊မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်က ရပ်ကွက်တွေမှာ ဒီနေ့မနက်ပိုင်းကစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အားအလုံးအရင်းနဲ့ဝင်ရောက်စီးနင်းစစ်ဆေးတာတွေလုပ်နေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

စိန်ပန်း၊အောင်ချမ်းသာ ၊ ဇော်မင်း ၊ ပတ္တမြား ရပ်ကွက်တွေမှာ တစ်အိမ်ဝင်တစ်အိမ်ထွက် ဧည့်စာရင်းစစ်တာ ၊ အိမ်တွင်းကိုရှာဖွေတာတွေ လုပ်နေတာလို့ဒေသခံတွေက ဆိုပါတယ်။

စစ်ဆေးပြီးတဲ့အိမ်တွေကို တော့ စစ်ပြီးကြောင်းအမှတ်အသား တံဆိပ်ကပ်သွားတယ်လို့ လည်းသိရပါတယ်။

ဒါအပြင် ဒီလို စစ်ဆေးနေချိန် စိန်ပန်းရပ်ထဲကို ဝင်ရောက်နိုင်တဲ့ လမ်းတွေကို လည်း ပိတ်ဆို့ထားလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

စိန်ပန်းရပ်ကို ဒီလိုအင်အားအလုံးအရင်းနဲ့ စစ်ကောင်စီတပ်ဝင်းစီးတဲ့အကြောင်းရင်းကိုတော့မသိရသေးပေမယ့် လက်နက်ရှာဖွေတာလို့ ဒေသခံအချို့ကခန့်မှန်းကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်မှုထမ်းပြန်လာတဲ့ လူငယ်က ရာအိမ်မှူးကို ဓားနဲ့ထိုးတဲ့အမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့လယ်မှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရပ်ကွက် အကွက်မှူးတစ်ဦး ဓားနဲ့ထိုးခံရတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာအိမ်ထောင်စုတစ်စုကိုခွဲတမ်းအနေနဲ့တစ်လစားအုန်းဆီနှစ်ပိဿာခွဲရောင်းချပေးဖို့ဆီဝယ်ယူခွင့်စာအုပ်တွေကိုအာဏာသိမ်းစစ်တပ်ရဲ့ အောက်ခြေအုပ်ချုပ်ရေးပိုင်းကရပ်ကွက်အလိုက်လုပ်ပေးနေတယ်လို့ မြိုခံတွေဆီက သိရပါတယ်။