Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေး စိန်ပန်းရပ်ကို စစ်ကောင်စီတပ်တွေ တစ်အိမ်တက်ဆင်း ဝင်ရောက်ရှာဖွေနေ

စိန်ပန်း၊အောင်ချမ်းသာ ၊ ဇော်မင်း ၊ ပတ္တမြား ရပ်ကွက်တွေမှာ တစ်အိမ်ဝင်တစ်အိမ်ထွက် ဧည့်စာရင်းစစ်တာ ၊ အိမ်တွင်းကိုရှာဖွေတာတွေ လုပ်နေတာလို့ဒေသခံတွေက ဆိုပါတယ်။

ဓာတ်ပုံ − AFP (ပုံဟောင်း)

မန္တလေး ၊မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်က ရပ်ကွက်တွေမှာ ဒီနေ့မနက်ပိုင်းကစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အားအလုံးအရင်းနဲ့ဝင်ရောက်စီးနင်းစစ်ဆေးတာတွေလုပ်နေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

စိန်ပန်း၊အောင်ချမ်းသာ ၊ ဇော်မင်း ၊ ပတ္တမြား ရပ်ကွက်တွေမှာ တစ်အိမ်ဝင်တစ်အိမ်ထွက် ဧည့်စာရင်းစစ်တာ ၊ အိမ်တွင်းကိုရှာဖွေတာတွေ လုပ်နေတာလို့ဒေသခံတွေက ဆိုပါတယ်။

စစ်ဆေးပြီးတဲ့အိမ်တွေကို တော့ စစ်ပြီးကြောင်းအမှတ်အသား တံဆိပ်ကပ်သွားတယ်လို့ လည်းသိရပါတယ်။

ဒါအပြင် ဒီလို စစ်ဆေးနေချိန် စိန်ပန်းရပ်ထဲကို ဝင်ရောက်နိုင်တဲ့ လမ်းတွေကို လည်း ပိတ်ဆို့ထားလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

စိန်ပန်းရပ်ကို ဒီလိုအင်အားအလုံးအရင်းနဲ့ စစ်ကောင်စီတပ်ဝင်းစီးတဲ့အကြောင်းရင်းကိုတော့မသိရသေးပေမယ့် လက်နက်ရှာဖွေတာလို့ ဒေသခံအချို့ကခန့်မှန်းကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။