Connect with us

Hi, what are you looking for?

News

အချုပ်ကားပေါ်မှာ သွေးသစ္စာသီချင်း သီဆိုသွားတဲ့ ဘားအံကလူငယ်တွေ

ဘားအံမြို့မှာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံထားရတဲ့ တက္ကသိုလ်ကျောင်းသားတွေအပါအဝင် ဘားအံမြို့ခံလူငယ် ၈ ဦးကို ဒီကနေ့ တရားရုံးမှာ ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၁၂၄(ဂ)နဲ့ ထောင်ဒဏ် ၁၂ နှစ်စီ အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ဘားအံမြို့က ဖမ်းဆီးခံလူငယ်အချို့ကို တရားရုံးက ဒီကနေ့ပြစ်ဒဏ်ချမှတ်ပြီးနောက် အပြန် လမ်းတစ်လျှောက် အချုပ်ကားပေါ်ကနေ သွေးသစ္စာသီချင်းတွေ ကျယ်လောင်စွာသီဆိုပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လက်သုံးချောင်းထောင်တာတွေ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဘားအံမြို့မှာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံထားရတဲ့ တက္ကသိုလ်ကျောင်းသားတွေအပါအဝင် ဘားအံမြို့ခံလူငယ် ၈ ဦးကို ဒီကနေ့ တရားရုံးမှာ ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၁၂၄(ဂ)နဲ့ ထောင်ဒဏ် ၁၂ နှစ်စီ အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

အဲ့ဒီလို ပြစ်ဒဏ်ချမှတ်ခံထားရပြီးတဲ့နောက် လူငယ်တွေဟာ တရားရုံးကနေအပြန် လမ်းတစ်လျှောက်မှာ အချုပ်ကားပေါ်ကနေ လက်သုံးချောင်းထောင်ပြီး သွေးသစ္စာသီချင်းကို ကျယ်လောင်စွာသီဆိုခဲ့ကာ အဲ့ဒီလို လူငယ်တွေသီဆိုသွားတဲ့အပေါ် ကြားရတဲ့မြို့ခံတွေက ပြောပြကြပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

Facebook