Connect with us

Hi, what are you looking for?

News

ရေဦးတွင် စစ်ကောင်စီတပ်နှင့် အနီးကပ်တိုက်ပွဲဖြစ်ရာ ခုနစ်ဦး​သေဟု ​ရေဦး(ပ.က.ဖ)​ပြော

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ဗုံးသီးကြောင့် ရဲဘော်တစ်ဦး လက်အနည်းငယ်ထိခိုက်ကာ ​နောက်ထပ် ရဲဘော်တစ်ဦးလည်း လက်၌ မစိုးရိမ်ရသည့်‌ သေနတ်ဒဏ်ရာရှိခဲ့ပြီး ‌တပ်ပေါင်းစုအဖွဲ့သည် အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

(ရေဦးနယ်တွင် ယနေ့ဖြစ်ပွားသည့်တိုက်ပွဲ၌ စစ်ကောင်စီတပ်အသုံးပြုသည့် လက်နက်နှင့် ကျည်ခွံများအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင် စီတပ်နှင့် အနီးကပ်တိုက်ပွဲဖြစ်ပွားရာ စစ်​ကောင်စီတပ်သားခုနစ်ဦးသေဆုံးခဲ့​ကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ယနေ့(ဖေဖော်ဝါရီ ၁၅ ရက်) နံနက်ပိုင်းက ရေဦးမြို့၏ မြောက်ဘက်ခြမ်းဘိုရုံရွာအနီးရှိ ‌ဆည်မြောင်းတူးမြောင်းတွင် အနီးကပ်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ရေဦး(ပ.က.ဖ) က ဆိုသည်။

“ဟိုဘက်ခြမ်း၊ ဒီဘက်ခြမ်း အနီးကပ်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။စစ်ကြောင်းထွက်လာသည့် စစ်ခွေး(၆၀) ကျော်နဲ့ မြောက်ဘက်အရပ်မှာအခြေ စိုက်ထားသည့် ပကဖ၊ PDF နှင့် ဒေသခံတော်လှန်ရေးအဖွဲ့တို့ပူးပေါင်းပြီး အနီးကပ်ရင်ဆိုင်တိုက်ပွဲကြာချိန် မိနစ် ၃၀ကျော်ထိတွေ့ခဲ့ပြီးမိမိတို့ဘက်က မိုင်း၊ရှော့ဂမ်း၊လက်လုပ်တစ်လုံးထိုးနဲ့ ရင်ဆိုင်ခဲ့ကြရတာဖြစ်ပါတယ်”ဟု ရေဦး(ပ.က.ဖ) က ပြောသည်။

Public Service Announcement

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ဗုံးသီးကြောင့် ရဲဘော်တစ်ဦး လက်အနည်းငယ်ထိခိုက်ကာ ​နောက်ထပ် ရဲဘော်တစ်ဦးလည်း လက်၌ မစိုးရိမ်ရသည့်‌ သေနတ်ဒဏ်ရာရှိခဲ့ပြီး ‌တပ်ပေါင်းစုအဖွဲ့သည် အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်မှ သေဆုံးသူခုနှစ်ဦးတွင် လမ်းပြဒလန် လွှမ်းအောင်နှင့် စစ်ကောင်စီတပ်သားများဖြစ်ပြီး သေဆုံးသူများကို ချက်ချင်းမကောက်ဘဲထားခဲ့သည့်အတွက် အတည်ပြုနိုင်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။