Connect with us

Hi, what are you looking for?

News

ယင်းမာပင်နှင့် ပုလဲနယ်ကြားတိုက်ပွဲ စစ်​ကောင်စီတပ် အထိနာ၍ ​လေ​ကြောင်းပစ်ကူသုံး

ပုပ္ပါကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၅၀နှင့်အထက်ဖြင့် တပ်စွဲထားသည်မှာ သုံးရက်ခန့် ကြာမြင့်နေပြီး ယနေ့တွင် ပုလဲမြို့နယ်ဘက်သို့ စစ်ကြောင်းစထိုးလာခြင်း ဖြစ်သည်။

(ပုလဲမြို့နယ်တွင်းသို့ ဇန်နဝါရီလအတွင်းက ရဟတ်ယာဥ်အသုံးပြုတိုက်ခိုက်ခဲ့သည့် ပုံဟောင်းဖြစ်သည်။)

ယင်းမာပင်နှင့် ပုလဲမြို့နယ်ကြားဖြစ်ပွားသည့် တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်က အထိနာနေသဖြင့် လေကြောင်းပစ်ကူ အသုံးပြုနေကြောင်း ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၁၆)နေ့လည် ၁နာရီခန့်က စတင်ဖြစ် ပွားခဲ့သော နှစ်ဖက်ထိတွေ့တိုက်ပွဲ၌ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူများပြားသည်ဟုလည်း ၎င်းက ဆိုသည်။

“ပုပ္ပါကျေးရွာက ဆင်းလာတဲ့ စစ်ခွေးတပ်ကို ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး စောင့်တိုက်တာ။စစ်ခွေးတွေက အထိလည်းနာရော ရဟတ်ယာဥ်ရောက် လာတယ်။တိုက်ပွဲက အခု ဖုန်းပြောချိန်(ည ၇ နာရီ ခွဲ)ထိ မပြီးသေးဘူး။ကျွန်တော်တို့ဘက်က တစ်ယောက်ထိထားတယ်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

ပုပ္ပါကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၅၀နှင့်အထက်ဖြင့် တပ်စွဲထားသည်မှာ သုံးရက်ခန့် ကြာမြင့်နေပြီး ယနေ့တွင် ပုလဲမြို့နယ်ဘက်သို့ စစ်ကြောင်းစထိုးလာခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

နောက်ဆက်တွဲ သတင်းများကို ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆက်လက်ထုတ်ပြန်မည်ဟုလည်း ဆိုသည်။

ယင်းမာပင်နှင့် ပုလဲ​ဒေသရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များသည် အကြမ်းဖက်စစ်​ကောင်စီတပ်ကို အား​ကောင်းစွာဖြင့် ခုခံတိုက်ခိုက်​နေ​သော ​ဒေသများဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။