Connect with us

Hi, what are you looking for?

News

ယင်းမာပင်နှင့် ပုလဲနယ်ကြားတိုက်ပွဲ စစ်​ကောင်စီတပ် အထိနာ၍ ​လေ​ကြောင်းပစ်ကူသုံး

ပုပ္ပါကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၅၀နှင့်အထက်ဖြင့် တပ်စွဲထားသည်မှာ သုံးရက်ခန့် ကြာမြင့်နေပြီး ယနေ့တွင် ပုလဲမြို့နယ်ဘက်သို့ စစ်ကြောင်းစထိုးလာခြင်း ဖြစ်သည်။

(ပုလဲမြို့နယ်တွင်းသို့ ဇန်နဝါရီလအတွင်းက ရဟတ်ယာဥ်အသုံးပြုတိုက်ခိုက်ခဲ့သည့် ပုံဟောင်းဖြစ်သည်။)

ယင်းမာပင်နှင့် ပုလဲမြို့နယ်ကြားဖြစ်ပွားသည့် တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်က အထိနာနေသဖြင့် လေကြောင်းပစ်ကူ အသုံးပြုနေကြောင်း ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၁၆)နေ့လည် ၁နာရီခန့်က စတင်ဖြစ် ပွားခဲ့သော နှစ်ဖက်ထိတွေ့တိုက်ပွဲ၌ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူများပြားသည်ဟုလည်း ၎င်းက ဆိုသည်။

“ပုပ္ပါကျေးရွာက ဆင်းလာတဲ့ စစ်ခွေးတပ်ကို ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး စောင့်တိုက်တာ။စစ်ခွေးတွေက အထိလည်းနာရော ရဟတ်ယာဥ်ရောက် လာတယ်။တိုက်ပွဲက အခု ဖုန်းပြောချိန်(ည ၇ နာရီ ခွဲ)ထိ မပြီးသေးဘူး။ကျွန်တော်တို့ဘက်က တစ်ယောက်ထိထားတယ်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

ပုပ္ပါကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၅၀နှင့်အထက်ဖြင့် တပ်စွဲထားသည်မှာ သုံးရက်ခန့် ကြာမြင့်နေပြီး ယနေ့တွင် ပုလဲမြို့နယ်ဘက်သို့ စစ်ကြောင်းစထိုးလာခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

နောက်ဆက်တွဲ သတင်းများကို ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆက်လက်ထုတ်ပြန်မည်ဟုလည်း ဆိုသည်။

ယင်းမာပင်နှင့် ပုလဲ​ဒေသရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များသည် အကြမ်းဖက်စစ်​ကောင်စီတပ်ကို အား​ကောင်းစွာဖြင့် ခုခံတိုက်ခိုက်​နေ​သော ​ဒေသများဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

စစ်ကြောင်းမှူးဒဏ်ရာရပြီး စစ်တပ်စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွား

သတင်း

ဗန်းမော်မြို့အနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက စစ်ရေးအရှိန်မြှင့်ထားစဉ် မိုးမိတ်မြို့အနီးမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။