Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီပဲယင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးသည့် ကျေးရွာအနီး PDFများလုံခြုံရေးယူ ချီတက်ဆန္ဒပြ

“ဒီပဲယင်းသပိတ် ဦးဆောင်ကော်မတီနဲ့ပူးပေါင်းပြီးလုပ်တာပါဗျ။ စုစုပေါင်းရွာသုံးရွာပါ။ စစ် ကြောင်းထိုးလာတဲ့ရွာနဲ့ဆို သိပ်မဝေးဘူး။ လှမ်းကြည့်ရင်ကို မြင်နေရတာ”ဟု ၎င်းက ဆက်ပြောသည်။

ဒီပဲယင်းမြို့နယ်အတွင်း ဒေသကာကွယ်ရေးတပ်များလုံခြုံရေးယူ၍ လူထုဆန္ဒပြချီတက်ပွဲပြုလုပ်ခဲ့ကြောင်း Free Rangers – Depeyin အဖွဲ့က ယနေ့ ထုတ်ပြန်သည်။

လူထုဆန္ဒပြချီတက်ပြီး ပြုလုပ်ခဲ့သည့်ကျေးရွာများသည် စစ်ကောင်စီတပ်မှ ယနေ့စစ်ကြောင်းထိုးလာသော​ကျေးရွာအနီးတည်ရှိသော်လည်း ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ပြသနိုင်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက အတည်ပြုသည်။

“ဒီပဲယင်းသပိတ် ဦးဆောင်ကော်မတီနဲ့ပူးပေါင်းပြီးလုပ်တာပါဗျ။ စုစုပေါင်းရွာသုံးရွာပါ။ စစ် ကြောင်းထိုးလာတဲ့ရွာနဲ့ဆို သိပ်မဝေးဘူး။ လှမ်းကြည့်ရင်ကို မြင်နေရတာ”ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်များရောက်ရှိလာနိုင်သောကြောင့် လူထုသပိတ်စစ်ကြောင်းကိုဝန်းရံသည့် ဒေသကာကွယ်ရေးတပ်များမှ ပြည်သူကိုအကာအကွယ်ပေးရန်နှင့် စစ်ကောင်စီတပ်အား ပြန်လည်ခုခံရန် အသင့်ပြင်ဆင်ထားရသည်ဟု အထက်ပါ တော်လှန်ရေးရဲဘော်က ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။