Connect with us

Hi, what are you looking for?

News

ဒီပဲယင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးသည့် ကျေးရွာအနီး PDFများလုံခြုံရေးယူ ချီတက်ဆန္ဒပြ

“ဒီပဲယင်းသပိတ် ဦးဆောင်ကော်မတီနဲ့ပူးပေါင်းပြီးလုပ်တာပါဗျ။ စုစုပေါင်းရွာသုံးရွာပါ။ စစ် ကြောင်းထိုးလာတဲ့ရွာနဲ့ဆို သိပ်မဝေးဘူး။ လှမ်းကြည့်ရင်ကို မြင်နေရတာ”ဟု ၎င်းက ဆက်ပြောသည်။

ဒီပဲယင်းမြို့နယ်အတွင်း ဒေသကာကွယ်ရေးတပ်များလုံခြုံရေးယူ၍ လူထုဆန္ဒပြချီတက်ပွဲပြုလုပ်ခဲ့ကြောင်း Free Rangers – Depeyin အဖွဲ့က ယနေ့ ထုတ်ပြန်သည်။

လူထုဆန္ဒပြချီတက်ပြီး ပြုလုပ်ခဲ့သည့်ကျေးရွာများသည် စစ်ကောင်စီတပ်မှ ယနေ့စစ်ကြောင်းထိုးလာသော​ကျေးရွာအနီးတည်ရှိသော်လည်း ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ပြသနိုင်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက အတည်ပြုသည်။

“ဒီပဲယင်းသပိတ် ဦးဆောင်ကော်မတီနဲ့ပူးပေါင်းပြီးလုပ်တာပါဗျ။ စုစုပေါင်းရွာသုံးရွာပါ။ စစ် ကြောင်းထိုးလာတဲ့ရွာနဲ့ဆို သိပ်မဝေးဘူး။ လှမ်းကြည့်ရင်ကို မြင်နေရတာ”ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်များရောက်ရှိလာနိုင်သောကြောင့် လူထုသပိတ်စစ်ကြောင်းကိုဝန်းရံသည့် ဒေသကာကွယ်ရေးတပ်များမှ ပြည်သူကိုအကာအကွယ်ပေးရန်နှင့် စစ်ကောင်စီတပ်အား ပြန်လည်ခုခံရန် အသင့်ပြင်ဆင်ထားရသည်ဟု အထက်ပါ တော်လှန်ရေးရဲဘော်က ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီက ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုကို ဒီက​နေ့ (ဇွန် ၁၆)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်