Connect with us

Hi, what are you looking for?

News

မြောင်တွင် စစ်​ကောင်စီတပ်အချင်းချင်းမှားပစ်၍ သုံးဦး​ထမ်းစင်ဖြင့် သယ်သွားရပြီး​ သေဆုံးနိုင်

ထိုအပြင် ယမန်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဥ်တစ်စီး စစ်ကိုင်းမြို့နယ် ရေမျက်ကြီးအင်းအတွင်း ပျက်ကျခဲ့ရာ လေယာဥ်မှူးတစ်ဦး သေဆုံးခဲ့သေးသည်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အချင်းချင်းမှားယွင်းပစ်ခတ်မိ၍ အကြမ်းဖက်စစ်သားသုံးဦး သေဆုံးနိုင်ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ- CDSOMက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၆ ရက်) ညနေ ၄နာရီခန့်က မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆီမီးခုံဆိပ်ကမ်းမြို့မှ စက်လှေ ၂စီး အင်အား၂၀ခန့်ဖြင့် မြောင်မြို့နယ် နေပူကုန်းရွာသို့ ဝင်လာကြောင်း၊ ထို အကြမ်းဖက်စစ်ကောင်စီအဖွဲ့ထဲတွင် အရပ်ဝတ်ဖြင့် စစ်သား ​လေးဦးပါလာပြီး ရွာထဲတွင် ဝင်ရောက်မွှေနှောက်ပြီးနောက် ပြန်ထွက်လာသော အရပ်ဝတ်ဖြင့် စစ်သား​လေးဦးအား အပြင်မှ စောင့်နေသော အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူထင်၍ အချင်းချင်းမှားယွင်းပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း၊ အရပ်ဝတ်အကြမ်းဖက်စစ်သားလေးဦးအနက်သုံးဦးအား ထမ်းထုတ်သွားရကြောင်း CDSOM က သတင်းထုတ်ပြန်သည်။

Public Service Announcement

“သူတို့က မြစ်တစ်ဖက်ကမ်းမှာ တပ်စွဲထားတာ (ဆီမီးခုံ) အဲ့တာ မြစ်အနောက်ဘက်ကမ်းကို လာပြီးရွာထဲ ဝင်မွှေတာ။ သေနိုင်တယ်လို့တော့ သိရတယ်။ သူတို့က ပြည်သူ့ကာကွယ်ရေးအဖွဲ့ထင်ပြီး သူတို့ဘာသာစိတ်ခြောက်ခြားပြီးပစ်တာ”ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ-CDSOM ၏ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ထိုအပြင် ယမန်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဥ်တစ်စီး စစ်ကိုင်းမြို့နယ် ရေမျက်ကြီးအင်းအတွင်း ပျက်ကျခဲ့ရာ လေယာဥ်မှူးတစ်ဦး သေဆုံးခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

Facebook