Connect with us

Hi, what are you looking for?

News

ခင်ဦးနယ် ကံကြီးကုန်းရွာအနီးတိုက်ပွဲတွင် လက်နက်အင်အားမမျှ၍ ​ဒေသခံPDF ၁၀ဦးထက်မနည်းကျဆုံးခဲ့ရ

“သတ္တိ ရှိပေမယ့် လက်နက်အင်အားမမျှတာ တိုက်ပွဲ အဖြေဖြစ်သွားတာပဲ။ပြောရင်း ရင်နာတာပဲ အဖတ်တင်တယ်။ရှေ့လျှောက် ဒီလို ဖြစ်စဥ်မျိုးတွေ မဖြစ်စေဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ စီစဥ်ပေးစေချင်တယ်ဗျာ”ဟု ခင်ဦး မြို့နယ်နေသူတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကံကြီးကုန်းရွာအနီး တိုက်ပွဲတွင် ​ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းကျဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၁၇ ရက်) နေ့လယ် ၂နာရီခန့်က ခင်ဦး- ရေဦးကားလမ်း မြို့သစ်ရွာနှင့် ကံကြီးကုန်းရွာကြား လယ်ကွင်းပြင်တွင် အကြမ်းဖက်စစ်ကောက်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“သတ္တိ ရှိပေမယ့် လက်နက်အင်အားမမျှတာ တိုက်ပွဲ အဖြေဖြစ်သွားတာပဲ။ပြောရင်း ရင်နာတာပဲ အဖတ်တင်တယ်။ရှေ့လျှောက် ဒီလို ဖြစ်စဥ်မျိုးတွေ မဖြစ်စေဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ စီစဥ်ပေးစေချင်တယ်ဗျာ”ဟု ခင်ဦး မြို့နယ်နေသူတစ်ဦးက ပြောသည်။

ထို့အပြင် တိုက်ပွဲ၌ အကြမ်းဖက်စစ်တပ်က သိမ်းဆည်းရမိခဲ့သည့် လက်နက် ၃၀ ခန့်မှာလည်း လက်လုပ်တစ်ထောင့်ထိုး သေနတ်များဖြစ်နေသည်။

Public Service Announcement

Public Service Announcement

ယနေ့ တိုက်ပွဲတွင် ကျဆုံးခဲ့ရသည့် ပြည်သူ့ရဲဘော်များအတွက် အလေးနီပြုကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

သို့သော် တိုက်ပွဲဖြစ်စဥ်၏ အချက်အလက် အသေးစိတ်ကို သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးအဖွဲ့များမှ ထုတ်ပြန်ပေးသွားမည်ဟု ဆိုသည်။

ယခုလဆန်းပိုင်းကစ၍ ခင်ဦးမြို့နယ်တွင်း ကျေးရွာများသို့ အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်ခန့် ဖြင့် စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။