Connect with us

Hi, what are you looking for?

News

“ဒီဇင်ဘာည”ကို ခွင့်မပြုဘဲ စစ်​ကောင်စီ၏ ဝါဒဖြန့်ရုပ်သံတွင် သီဆိုသည့်အ​ပေါ် သီချင်းပိုင်ရှင် လင်းနစ် ​ဝေဖန်

ယင်းသီချင်းကို သီဆိုထုတ်လွှင့်မည့်အကြောင်းကို အဆိုတော် တက္ကသိုလ်လဲ့လဲ့က ၎င်းထံ မက်ဆင်ဂျာမှတစ်ဆင့် ခွင့်တောင်းခဲ့သော်လည်း ၎င်းဘက်က ခွင့်မပြုခဲ့ကြောင်း ၎င်းတို့နှစ်ဦးပြောထားသည့် Screen Shot များနှင့်အတူ အသိ​ပေးထားခြင်းဖြစ်သည်။

“ဒီဇင်ဘာည” သီချင်းကို စစ်​ကောင်စီ၏ ဝါဒဖြန့်ရုပ်သံ MRTV တွင် သီချင်းပိုင်ရှင်၏ ခွင့်ပြုချက်မရဘဲ သီဆိုထုတ်လွှင့်ခဲ့အ​ပေါ် ခွင့်မပြု​ကြောင်း အဆိုပါသီချင်းပိုင်ရှင် အဆိုတော်လင်းနစ်က ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်။

ယင်းသီချင်းကို သီဆိုထုတ်လွှင့်မည့်အကြောင်းကို အဆိုတော် တက္ကသိုလ်လဲ့လဲ့က ၎င်းထံ မက်ဆင်ဂျာမှတစ်ဆင့် ခွင့်တောင်းခဲ့သော်လည်း ၎င်းဘက်က ခွင့်မပြုခဲ့ကြောင်း ၎င်းတို့နှစ်ဦးပြောထားသည့် Screen Shot များနှင့်အတူ အသိ​ပေးထားခြင်းဖြစ်သည်။

“တက္ကသိုလ်လဲ့လဲ့ဆိုတဲ့ အန်တီက ဘယ်လိုပါးစပ်နဲ့ လာခွင့်တောင်းရဲလဲမသိဘူး ဒီခွေးမသားတွေလုပ်လို့ ဒုက္ခရောက်နေတဲ့သူဆီကို ဒီခွေးမျိုးတွေရဲ့မီဒီယာမှာတင်ဆက်ဖို့ ခွင့်လာတောင်းတယ်ဆိုတာ တော်ရုံသောက်ရှက်မရှိတာတော့မဟုတ်ဘူး ။ဆိုမယ့် ချင်းတိုင်းရင်းသူဆိုတာလည်း အံဩတာပဲ ကိုယ်ပြည်နယ်တစ်ခုလုံး လေယာဥ်နဲ့ဗုံးကြဲလိုက် မီးရှို့လိုက်လုပ်နေတာတောင် အဲ့ကောင်တွေဆီသွားဆိုနိုင်သေးတယ် “ဟု လင်းနစ်က ရေးသားထားသည်။

ဒီဇင်ဘာည သီချင်းကို ဖေဖော်ဝါရီ ၁၈ရက်က MRTV ၏ ဖျော်ဖြေမှုအစီအစဥ်တစ်ခုတွင် ရေဂျီးနားဆိုသည့် အမျိုးသမီးက သီချင်းပိုင်ရှင်၏ ခွင့်ပြုချက်မရှိဘဲ သီဆိုခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

MRTVအနေဖြင့် ၎င်းတို့ကိုထောက်ခံသည့် အဆိုရှင်များကို ခေါ်ယူ၍ အပတ်စဥ် သီဆို​ဖျော်​ဖြေပွဲများပြုလုပ်လျက်ရှိပြီး ၎င်းတို့ သီဆိုမှုများမှာ အဆင်မပြေသောကြောင့် လှောင်ပြောင်ခံနေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။