Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Selfie စုရိုက်နေတုန်း မိုးကြိုးပစ်လို့ အိန္ဒိယမှာ ၁၁ ဦးထက်မနည်း သေဆုံး

သမိုင်းဝင် အမ်မာ ခံတပ်ကြီးရဲ့ မျှော်စင်တစ်ခုမှာ မိုးရွာနေတုန်း လူ ၂၇ ဦးစုပြီး ဓာတ်ပုံ ရိုက်တဲ့အချိန် မိုးကြိုး ပစ်ချလိုက်တာပါ။

အိန္ဒိယမှာ မိုးကြိုးပစ်လို့ လူစုပြီး Selfie ဓာတ်ပုံ ရိုက်နေသူ ၁၁ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံ မြောက်ပိုင်း ဂျိုင်ပွာမြို့မှာ ဇူလိုင် ၁၁ ရက်က လူစုလူဝေးကို မိုးကြိုးပစ်ချပြီး ၁၁ ဦးသေသလို ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံ ကြက်ခြေနီ အဖွဲ့ကအတည်ပြုပါတယ်။ သမိုင်းဝင် အမ်မာ ခံတပ်ကြီးရဲ့ မျှော်စင်တစ်ခုမှာ မိုးရွာနေတုန်း လူ ၂၇ ဦးစုပြီး ဓာတ်ပုံ ရိုက်တဲ့အချိန် မိုးကြိုး ပစ်ချလိုက်တာပါ။

သေဆုံးသူတွေထဲမှာ မျှော်စင်ပေါ်က လိမ့်ကျသွားတဲ့ သူတွေလည်း ပါဝင်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ၁၂ ရာစု လက်ရာ ခံတပ်ဟောင်းကြီးဟာ ဂျိုင်ပွာမှာတော့ ကမ္ဘာလှည့် ခရီးသွားတွေ အစည်ကားဆုံး လည်ပတ် သွားလာတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

သေဆုံးသူ အများစုဟာ ငယ်ရွယ်သူတွေလို့လည်း ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။ ကျန်ရစ်သူ မိသားစုတွေအတွက် နစ်နာကြေး ရူပီးငွေ ငါးသိန်းစီ ပေးအပ်သွားမယ်လို့ ရာဂျက်စ်သန် ပြည်နယ် ဝန်ကြီးချုပ် အာရှော့ခ် ဂါဟ်လော့က ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အိန္ဒိယမှာ မိုးကြိုးပစ်မှုကြောင့် တစ်နှစ်ကို ပျမ်းမျှ လူ ၂၀၀၀ လောက် သေဆုံးလေ့ရှိပြီး ကျေးလက် ဧရိယာတွေမှာ ဒီလို ဖြစ်ရပ်တွေနဲ့ ပိုကြုံရတတ်ပါတယ်။ ဇူလိုင် ၁၁ ရက် တစ်နေ့တည်းမှာတင် နိုင်ငံအနှံ့ မိုးကြိုး ပစ်မှုတွေကြောင့် နောက်ထပ် သေဆုံးသူ ၉ ဦး ရှိခဲ့ပါသေးတယ်။ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုတွေရဲ့ နောက်ဆက်တွဲ ဂယက်တစ်ခုအဖြစ် ၁၉၆၀ ပြည့်နှစ်နဲ့ယှဉ်ရင် လက်ရှိ အခြေအနေမှာ မိုးကြိုးပစ်မှုတွေက နှစ်ဆလောက် ပိုများလာကြောင်းလည်း အိန္ဒိယ မိုးလေဝသ ပညာရှင်တွေက ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ လောက် အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။

သတင်း

အိန္ဒိယမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်းစွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ နိုင်ငံခြားသား ၇ ဦးဟာမြန်မာနိုင်ငံမှာ အရပ်ဖက် လေယာဉ်တစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ လုပ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)ကစွပ်စွဲပါတယ်။