Connect with us

Hi, what are you looking for?

News

နှစ်​ခြောက်လုံး(၂၂.၂.၂၀၂၂) စည်ကားသပိတ်၌ ပြည်သူများပါဝင်ကြရန် တော်လှန်ရေးအင်အားစုများ တောင်းဆို

အဆိုပါ စစ်အာဏာရှင်ကျဆုံးရေးလှုပ်ရှားမှုကို ပြည်သူအများက မိမိဆန္ဒများကို ငြိမ်းချမ်းစွာ ထုတ်ဖော်ကြရန်၊ တောတွင်းရှိ ရဲဘော်များ၊ အလုပ်သမား၊ပြည်သူများကလည်း ပူးပေါင်းပါ၀င် တော်လှန်ကြရန် အထွေထွေသပိတ်ပေါင်းစပ်ညှိုနှိုင်းရေး အင်အားစု GSCB ကလည်း တောင်းဆိုထားသည်။

မနက်ဖြန် ဖေဖော်ဝါရီ ၂၂ ရက် (၂၂.၂.၂၀၂၂) တွင် “ပြန်လည်စုရုံး နှစ်ခြောက်လုံး”အဖြစ် ပြုလုပ်မည့် စစ်အာဏာရှင်ဆန့်ကျင်ရေး စည်ကားသပိတ်၌ ကျောင်းသား ၊အလုပ်သမားများနှင့် ပြည်သူများ အားလုံးပါ၀င်ပေးကြရန် တော်လှန်ရေးအင်အားစုများက တောင်းဆိုလိုက်သည်။

“လာမယ့် ​ (၂၂.၂.၂၀၂၂)ရက်နေ့ နှစ်​ခြောက်လုံးနေ့မှာလည်း လူထုတရပ်လုံးပါဝင်ပြီး လူထုသပိတ်ကြီး ပါဝင်ဆင်နွှဲကြဖို့ ဖိတ်​ခေါ်ချင်ပါတယ်။ စစ်​ကောင်စီရဲ့ ဖိနှိပ်မှုအမျိုးမျိုးရှိ​နေ​ပေမယ့် ပြည်သူလူထုအ​နေနဲ့ လူတိုင်းပါဝင်နိုင်​စေဖို့ အဆင်​ပြေဆုံးနည်းလမ်း​တွေကို သပိတ်အဖွဲ့​တွေက စနစ်တကျ အချိန်ယူရှာ​ဖွေထားပါတယ်။ ၂၂.၂.၂၀၂၂အတွက် ​ကြွေး​ကြော်သံက​တော့ “ပြန်လည်စုရုံး နှစ်​ခြောက်လုံး” ဆိုတာဖြစ်ပြီး ပြည်သူလူထုတရပ်လုံး ပြန်လည်စုစည်း ရုန်းထကြဖို့ ရည်ရွယ်ပါတယ်။ နှစ်​​ခြောက်လုံး​နေ့မှာ လုပ်​ဆောင်ရမယ့် လှုပ်ရှားမှု​တွေကို​​တော့ “စည်ကားသပိတ်” လို့ အမည်​ပေးထားပြီး နေအိမ်မှာ မ​နေကြဘဲ မြို့ထဲ၊စျေးလမ်းဆုံ​စတဲ့ လူစည်ကားရာ​နေရာ​တွေကို အဲဒီ​နေ့တ​နေ့လုံး လှည့်ပတ် သွား​ရောက်ကြပါမယ် “ဟု သပိတ်ဦးဆောင်သူ တစ်ဦးက နှိုးဆော်ခဲ့သည်။

ယင်းနေ့တွင် ပြည်သူများအနေဖြင့် ဦးထုပ်၊ခ​မောက်များဆောင်းပြီး သွားလာကြရန်၊ သနပ်ခါးပါးကွက်ကြား​များလိမ်းထားကြရန်၊ ပန်းစည်း၊ ပန်းပွင့်တစ်မျိုးမျိုးကို ကိုင်ထားကြရန် (ပန်းပွင့်​တွေကို ​​ကြွေး​ကြော်သံ​တစ်ခုရေးထားသည့် စာရွက်​နှင့်အတူ ကြဲချကြရန်) Labour Alliance အဖွဲ့၀င် အလုပ်သမားများက တောင်းဆိုထားသည်။

ထို့အပြင် ကိုယ်​ရောက်ရှိသည့်နေရာ၏ လုံခြုံ​ရေးအ​ခြေအ​​နေ​ပေါ် မူတည်ပြီး လက်သုံးချောင်း​ထောင်၍ ကြွေး​ကြော်သံများ ပြုလုပ်ကြရန်နှင့် ည ၈နာရီတွင် သံပုံး​များတီးကြရန် Labour Alliance က တိုက်တွန်းနှိုးဆော်ထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်အာဏာရှင်ကျဆုံးရေးလှုပ်ရှားမှုကို ပြည်သူအများက မိမိဆန္ဒများကို ငြိမ်းချမ်းစွာ ထုတ်ဖော်ကြရန်၊ တောတွင်းရှိ ရဲဘော်များ၊ အလုပ်သမား၊ပြည်သူများကလည်း ပူးပေါင်းပါ၀င် တော်လှန်ကြရန် အထွေထွေသပိတ်ပေါင်းစပ်ညှိုနှိုင်းရေး အင်အားစု GSCB ကလည်း တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။