Connect with us

Hi, what are you looking for?

News

ရှမ်း-ကယားနယ်စပ်တိုက်ပွဲ စစ်ကောင်စီတပ်မှ ၃၀ခန့်ထပ်သေဟု ဒီးမော့ဆို PDF ထုတ်ပြန်

တိုက်ပွဲ၌ အထိနာသည့် စစ်ကောင်စီတပ်သည် ညနေပိုင်းတွင် တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုအနည်းငယ်သာ ရှိကြောင်း ဖော်ပြသည်။

အထိနာသည့် စစ်ကောင်စီတပ် တပ်ပြန်ဆုတ်သွားဟု ဖော်ပြ

ရှမ်း – ကယားပြည်နယ်နယ်စပ် ဒီးမော့ဆိုမြို့နယ် ဝီသဲကူး (မြောက်ရွာ)တွင် ယမန်နေ့ ဖေဖော်ဝါရီ ၂၀ရက်က ဖြစ်ပွားခဲ့သောတိုက်ပွဲ၌ အကြမ်းဖက် စစ်ကောင်စီဘက်မှ ၃၀ ဝန်ကျင်ခန့်သေဆုံးမူရှိခဲ့ပြီး အမြောက်အများ ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းရရှိသည်ဟု ဒီးမော့ဆို ပြည်သူ့ ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။

ယမန်နေ့ နံနက်၁၁နာရီမှစတင်ခဲ့သည့် တိုက်ပွဲတွင် ဒီးမော့ဆို PDF၊ အလယ်ပိုင်းတိုင်း၊ လွိုင်ကော် PDF၊ KNDF နှင့် အခြားမဟာမိတ် တပ်ပေါင်းစု များ ပူးပေါင်းပြီး အကြမ်းဖက် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲ၌ အထိနာသည့် စစ်ကောင်စီတပ်သည် ညနေပိုင်းတွင် တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုအနည်းငယ်သာ ရှိကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲပြင်းထန်ခဲ့သော ရှမ်း-ကယားနယ်စပ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့သည် အထိနာသောကြောင့် ပြန်လည်တပ်ဆုတ် သွားသည်ဟု သိရကြောင်း ဖော်ပြထားသည်။

ရှမ်း – ကယားနယ်စပ် မိုးဗြဲဒေသတွင် ဖေဖော်ဝါရီ ၁၆ရက်မှစ၍ တိုက်ပွဲများ နေ့စဉ် ပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုအကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။