Connect with us

Hi, what are you looking for?

News

ဝီသဲကူးရွာတိုက်ပွဲတွင် ကျဆုံး​ခဲရသော ဒီ​မော့ဆို PDFမှ ရဲ​ဘော်နှစ်ဦး၏ စျာပန

ဖက်ဒရယ်ဒီမိုကရေစီသူရဲကောင်း ရဲဘော် မောင်ပါစကွာလယ်နှင့် မောင်စိန်မောင်တို့၏ ဈာပနအခမ်းအနားကို ဘာသာရေးဓလေ့ထုံး တမ်းနှင့်အညီကျင်းပခဲ့ပြီး ယနေ့ နံနက် ၉နာရီတွင် ဂူသွင်းသင်္ဂြိုလ်ခဲ့သည်။

ဓာတ်ပုံ - DMO- Local PDF

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် ဝီသဲကူးကျေးရွာတွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံစဥ်ကျဆုံးသွားသည့် ရဲဘော် ​မောင်ပါစကွာလယ်​အောင်ဆန်းနှင့် ရဲဘော်​မောင်စိန်မောင်တို့၏ ဈာပနအခမ်းအနားကို ယနေ့ (ဖေဖော်ဝါရီ ၂၂)ပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ် ရေးတပ်-ဒီးမော့ဆို (DMO- Local PDF)က ထုတ်ပြန် သည်။

ဒီးမော့ဆိုမြို့နယ် ဆင်​တောင်​ကျေးရွာအုပ်စု၊ ဝီသဲကူးကျေးရွာတွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အခြားတော်လှန်ရေးတပ်များ ပူးပေါင်းကာ ဖေဖော်ဝါရီ၂၁ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ – DMO- Local PDF

အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO- Local PDF)တပ်ဖွဲ့ဝင်နှစ်ဦးဖြစ်သော ရဲဘော်​ မောင်ပါ​စကွာလယ်​အောင်ဆန်း(၂၅)နှစ်နှင့် ရဲဘော်​မောင်စိန်မောင် (၂၆)နှစ်တို့သည် တိုင်းပြည်အတွက် အသက်ပေးကာ ကွယ်သွားခဲ့သည်။

ဖက်ဒရယ်ဒီမိုကရေစီသူရဲကောင်း ရဲဘော် မောင်ပါစကွာလယ်နှင့် မောင်စိန်မောင်တို့၏ ဈာပနအခမ်းအနားကို ဘာသာရေးဓလေ့ထုံး တမ်းနှင့်အညီကျင်းပခဲ့ပြီး ယနေ့ နံနက် ၉နာရီတွင် ဂူသွင်းသင်္ဂြိုလ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – DMO- Local PDF

DMO-Local PDF တပ်ဖွဲ့သည် ကျန်ရစ်သောမိသားစုနှင့်အတူ အထူးဝမ်းနည်းကြေကွဲရပြီး ဖက်ဒရယ်ဒီမိုကရေစီသူရဲကောင်း ရဲ​ဘော်နှစ်ဦးအားအလေးနီပြု ဦးညွှတ်ကြောင်း အသိပေးထားသည်။

ဓာတ်ပုံ – DMO- Local PDF

ဖေဖော်ဝါရီ ၁၈ ရက်ကစ၍ ဝီသဲကူးကျေးရွာတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ​သေဆုံးမှုများနေသဖြင့် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများ အပါအဝင် တိုက်လေယာဥ်များပါ အသုံးပြုနေရသည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။