Connect with us

Hi, what are you looking for?

News

ဝီသဲကူးရွာတိုက်ပွဲတွင် ကျဆုံး​ခဲရသော ဒီ​မော့ဆို PDFမှ ရဲ​ဘော်နှစ်ဦး၏ စျာပန

ဖက်ဒရယ်ဒီမိုကရေစီသူရဲကောင်း ရဲဘော် မောင်ပါစကွာလယ်နှင့် မောင်စိန်မောင်တို့၏ ဈာပနအခမ်းအနားကို ဘာသာရေးဓလေ့ထုံး တမ်းနှင့်အညီကျင်းပခဲ့ပြီး ယနေ့ နံနက် ၉နာရီတွင် ဂူသွင်းသင်္ဂြိုလ်ခဲ့သည်။

ဓာတ်ပုံ - DMO- Local PDF

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် ဝီသဲကူးကျေးရွာတွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံစဥ်ကျဆုံးသွားသည့် ရဲဘော် ​မောင်ပါစကွာလယ်​အောင်ဆန်းနှင့် ရဲဘော်​မောင်စိန်မောင်တို့၏ ဈာပနအခမ်းအနားကို ယနေ့ (ဖေဖော်ဝါရီ ၂၂)ပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ် ရေးတပ်-ဒီးမော့ဆို (DMO- Local PDF)က ထုတ်ပြန် သည်။

ဒီးမော့ဆိုမြို့နယ် ဆင်​တောင်​ကျေးရွာအုပ်စု၊ ဝီသဲကူးကျေးရွာတွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အခြားတော်လှန်ရေးတပ်များ ပူးပေါင်းကာ ဖေဖော်ဝါရီ၂၁ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ – DMO- Local PDF

အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO- Local PDF)တပ်ဖွဲ့ဝင်နှစ်ဦးဖြစ်သော ရဲဘော်​ မောင်ပါ​စကွာလယ်​အောင်ဆန်း(၂၅)နှစ်နှင့် ရဲဘော်​မောင်စိန်မောင် (၂၆)နှစ်တို့သည် တိုင်းပြည်အတွက် အသက်ပေးကာ ကွယ်သွားခဲ့သည်။

ဖက်ဒရယ်ဒီမိုကရေစီသူရဲကောင်း ရဲဘော် မောင်ပါစကွာလယ်နှင့် မောင်စိန်မောင်တို့၏ ဈာပနအခမ်းအနားကို ဘာသာရေးဓလေ့ထုံး တမ်းနှင့်အညီကျင်းပခဲ့ပြီး ယနေ့ နံနက် ၉နာရီတွင် ဂူသွင်းသင်္ဂြိုလ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – DMO- Local PDF

DMO-Local PDF တပ်ဖွဲ့သည် ကျန်ရစ်သောမိသားစုနှင့်အတူ အထူးဝမ်းနည်းကြေကွဲရပြီး ဖက်ဒရယ်ဒီမိုကရေစီသူရဲကောင်း ရဲ​ဘော်နှစ်ဦးအားအလေးနီပြု ဦးညွှတ်ကြောင်း အသိပေးထားသည်။

ဓာတ်ပုံ – DMO- Local PDF

ဖေဖော်ဝါရီ ၁၈ ရက်ကစ၍ ဝီသဲကူးကျေးရွာတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ​သေဆုံးမှုများနေသဖြင့် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများ အပါအဝင် တိုက်လေယာဥ်များပါ အသုံးပြုနေရသည်။

ဆက်စပ်သတင်းများ

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

စစ်ကြောင်းမှူးဒဏ်ရာရပြီး စစ်တပ်စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွား

သတင်း

ဗန်းမော်မြို့အနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက စစ်ရေးအရှိန်မြှင့်ထားစဉ် မိုးမိတ်မြို့အနီးမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။