Connect with us

Hi, what are you looking for?

News

မန္တလေး စိန်ပန်းရပ်က ဆောက်လက်စ အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲခံရ

“အရင်တခါက ဗုံးခွဲခံရပြီး မီးလောင်သွားလို့ ပြန်ဆောက်နေတဲ့ အဆောက်အအုံဆိုတော့ လူမထိဘူး၊အဆောက်အအုံနည်းနည်းလောက်ပဲပျက်စီးသွားတာ”လို့ စိန်ပန်းရပ်အနီးတွင်နေထိုင်သူတစ်ဦးကပြောပါတယ်။

People's Spring
People's Spring

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ် ၊ သံလျှက်မှော် အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဟာ ဒီနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

ဆောက်လက်စ အုပ်ချုပ်ရေးမှူးရုံးမှား ဗုံးသုံးလုံးဆင့်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုမရှိဘူးလို့သိရပါတယ်။

“အရင်တခါက ဗုံးခွဲခံရပြီး မီးလောင်သွားလို့ ပြန်ဆောက်နေတဲ့ အဆောက်အအုံဆိုတော့ လူမထိဘူး၊အဆောက်အအုံနည်းနည်းလောက်ပဲပျက်စီးသွားတာ”လို့ စိန်ပန်းရပ်အနီးတွင်နေထိုင်သူတစ်ဦးကပြောပါတယ်။

သံလျှက်မှော်အနောက်ရပ်ကွက်ရုံးဟာ မကြာခဏဆိုသလို ဗုံးခွဲခံရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ စိန်ပန်းရပ်က ရပ်ကွက်အချို့ကိုပစ်မှတ်ထားပြီး မကြာခဏဆိုသလို အင်အားအလုံးနဲ့ ပိတ်ဆို့ မွှေနှောက်ပြီး ဖမ်းဆီးတာတွေလည်းပြုလုပ်တာရှိပါတယ်။

ဒီနေ့မနက်ပိုင်းမှာပဲ ပြည်ကြီးတံခွန်မြို့နယ် (ခ)ရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံး မီးရှို့ခံရပြီး မီးလောင်သွားပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

Facebook